တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံရေးညှိနှိုင်းအစည်းအဝေး ပုဏ္ဏားကျွန်းမြို့၌ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံရေးညှိနှိုင်းအစည်းအဝေး ပုဏ္ဏားကျွန်းမြို့၌ ပြုလုပ်



MNP  -  ဒီဇင်ဘာ ၂၆

       မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးစီးပြီး၊ တတိယအကြိမ်မြောက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster)ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့၊ နံနက်(၁၁)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။


   အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကာကွယ်ဆေးဖြင့် လွမ်းခြုံအပ်သော ကျောင်းနေအရွယ်ကလေး များအားလုံး တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာအားလုံးက ဦးစားပေးအဆင့် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်း မှာကြားခဲ့သည်။ 


   ထိုနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်းက ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက်(၅)နှစ်(၁၇)နှစ်အတွင်း ကျောင်းနေအရွယ် ကလေးများ အားလုံး ပထမအကြိမ်နှင့်ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံ ပြီးစီးခဲ့ပါကြောင်း၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် တတိယ အကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster) ထိုးနှံပြီးစီးမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက လိုသည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)