Check စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Check စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ သို့တက်ရောက်





MNP  -  ဒီဇင်ဘာ  ၂၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ နှင့် အဖွဲ့သည်ယနေ့ နံနက်ပိုင်းတွင် ပေါက်တောမြို့ရှိ မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ရုံး ဆောက်လုပ်ရန် မြေနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြောကြားကြသည်။


 ထို့နောက် ရခိုင်ပြည်နယ် ပေါက်တောမြို့၌အချိုးကျကိုယ်စား ပြုစနစ် (PR System) နှင့်ပတ်သက်၍ ရှင်းလင်းဆွေး​နွေးခြင်းနှင့် ​ရခိုင်​ပြည်နယ်တွင်မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား Cross Check စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံက ရွေးကောက်ပွဲကျင်းပရာတွင် ကျင့်သုံးမည့်စနစ်များ၊မဲစာရင်းများပြည့်စုံမှန်ကန်ရေး  အခြေခံလူဦးရေစာရင်းမှစာရင်းများနှစ်ကြိမ် ထပ်နေမှုများကို Cross Check စနစ်ဖြင့်  စိစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်ထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာများ၊စိစစ်သည့် လူဦးရေ၊စိစစ်တွေ့ရှိသည့်အကြိမ်ထပ်လူဦးရေတွေ့ရှိမှုအခြေအနေ၊ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များ၊ဥပဒေပါမဲစာရင်းပြုစုခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ စသည့်တို့ကို Power Point ​ ဖြင့်ရှင်းလင်းဆွေးနွေးပြောကြား​သည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။


ဆက်လက်​ပြီး ကွန်ပျူတာဆော့ဝဲလ်အသုံးပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြားထပ်နေသူများ၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ၊မပြည့်စုံသူများ၊ အသက် ၁၈ နှစ် နှင့် အထက်/ အောက်ရှိသူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူများ၊ မွေးရက်၊ မွေးလ ထပ်နေသူများ စသည့်တို့ကို Cross Check စနစ်​ဖြင့်စစ်ဆေးနေမှုကို ကြည့်ရှုအားပေး​ကာ လိုအပ်သည်များကိုညိုနှိုင်းဆောင်ရွက်ပေးသည်။


အဆိုပါ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊အခြေခံလူဦးရေးစာရင်မှ စာရင်းထပ်နေမှုများအား Cross Check စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ  ၊ပြည်နယ်ရွေးကောက်ပွဲ​ အရာရှိသူရိန်ထွဋ်၊ ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကျေးစာရေများ တက်ရောက်ကြသည်။


ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ နှင့် အဖွဲ့သည် ပေါက်တောမြို့ရှိ လောကထိပ်ပန် ဆုတောင်းပြည့် ဘုရားကြီးအားသွားရောက်ဖူးမြော်ကြည်ညိုကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)