မြန်အောင်မြို့ "Clean City" "Green City" ဖြစ်လာစေရန် ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့ "Clean City" "Green City" ဖြစ်လာစေရန် ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးခြင်းများဆောင်ရွက်



MNP -  ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ "Clean City" "Green City" ဖြစ်လာစေရန် ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့နံနက်က ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။


 မြန်အောင်မြို့ "Clean City" "Green City" ဖြစ်လာစေရန် ဆောင်ရွက်ထားရှိမှုများအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း ဦးဆောင်သော ခရိုင်အဆင့် ဌာနဆိုင်ရာများ အကြီးအကဲများသည် မြန်အောင်မြို့အဝင် ဆိုင်းဘုတ်မှစ၍ မြို့တွင်းလမ်းများ၊ သာသနိကအဆောက်အဦများ၊ အများပြည်သူအပန်းဖြေရာပန်းခြံ၊ စျေး၊ ဧရာဝတီမြစ် View Point၊ မီးရထားဘူတာ စသည့် မြို့သန့်ရှင်းသာယာလှပရေးနှင့်မြေယာရှုခင်း၊ သစ်ပင်ပန်းပင် စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ မြန်အောင်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးရဲစိုးနှင့်ဌာနဆိုင်ရာ အကြီးအကဲများက "Clean City" "Green City" ဖြစ်လာစေရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)