တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ပြုလုပ်


MNP  - ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး(Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ၃နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show အစီအစဉ်မှာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က လွတ်လပ်ရေးအတွက်ကြိုးပမ်းမှု ဖြစ်စဉ်များကိုလည်းကောင်း လူငယ်လူရွယ်များနှင့် တိုင်းရင်းသားမိဘပြည်သူများအနေဖြင့် ထူးခြားသည့် နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်တန်ဖိုးထား၍ ထိန်းသိမ်းနိုင်စေအလိုငှာ ရန်ရည်ရွယ်၍ ဆွေးနွေးပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိန်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)