သာပေါင်းမြို့နယ် (Community Centre)ခန်းမ၌ နိုင်ငံသားစိစစ်‌ရေးကတ်နှင့် အိမ်‌ထောင်စုစာရင်းအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် (Community Centre)ခန်းမ၌ နိုင်ငံသားစိစစ်‌ရေးကတ်နှင့် အိမ်‌ထောင်စုစာရင်းအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ



MNP  -  ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံသားစိစစ်‌ရေးကတ်နှင့် အိမ်‌ထောင်စုစာရင်းအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ နိုင်ငံသားစိစစ်‌ရေးကတ်နှင့် အိမ်‌ထောင်စု စာရင်းအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သာပေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်မှ ကျွန်တော့်အနေနဲ့ မိဘပြည်သူများကို ကျွန်တော်တို့ဌာနရဲ့ လုပ်ငန်းများထဲက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် ပတ်သတ်ပြီး မိဘပြည်သူများ ကြုံတွေ့နေရတဲ့ အခက်အခဲများကို လာရောက်ဖြေရှင်း ဆောင်ရွက်နိုင်ရန် အတွက် အသိပေးပြောကြားခြင်း ဖြစ်ပါတယ်။


မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အချက်(၇)ချက်ဖြင့် တင်ပြလိုပါတယ် -

(၁)နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးပါက မြို့နယ်လဝကရုံးသို့ လာရောက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 


(၂)အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မလုပ်ရသေးပါက မြို့နယ်လဝကရုံး (သို့မဟုတ်) ပန်းခင်းစီမံချက်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်တဲ့အချိန်မှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။


(၃)အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရရှိထားပြီး အသက်အပိုင်း အခြား(၁၈)နှစ်ပြည့်သည့်အခါ မြို့နယ်လ၀ကရုံးတွင် လာရောက်လဲလှယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


(၄)နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အချက်အလက်များ ကွဲလွဲမှုရှိပါက မြို့နယ်လ၀ကရုံးသို့ လာရောက်ပြင်ဆင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


(၅)နိုင်ငံသားစိစစ်ရေးကတ်ပြားကို တစ်ခုထက်ပိုမိုကိုင်ဆောင်ထားခြင်းမပြုရပါဘူး။ တစ်ခု ထက်ပိုမိုကိုင်ဆောင်ထားပါက မြို့နယ်လ၀ကရုံးတွင် အမြန်ဆုံးလာရောက် အပ်နှံရပါမယ်။ 


(၆) အမျိုးသားမှတ်ပုံတင်အမှတ်၊ အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား (အမတ) သုံးခေါက်ချိုး ကိုင်ဆောင်ထားသူများကလည်း မြို့နယ်လဝကရုံးသို့ လာရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ကို လာရောက် ပြောင်းလဲလျှောက်ထားရမှာ ဖြစ်ပါတယ်။

.. ပြောင်းလဲလျှောက်ထားရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ညီညွတ်သူများကိုသာ ပြောင်းလဲခွင့်ရှိမှာဖြစ်ပါတယ်။


(၇)မိမိကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားကို အခြားတစ်ဦးတစ်ယောက်က ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက မြို့နယ်လဝကရုံးသို့ လာရောက်သတင်းပို့ရမှာ ဖြစ်ပါ တယ်။


ဒီအချက်တွေကတော့ မိဘပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သတ်ပြီးတော့ သိရှိနိုင်တဲ့အချက်တွေနဲ့ လာရောက်ဆောင်ရွက်ပေးဖို့ အသိပေးပြောကြားလိုပါတယ်။

အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့်ပတ်သက်ပြီးတော့ အချက်(၆)ချက်ဖြင့် တင်ပြလိုပါ တယ်။


(၁)အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ပျက်စီးနေပါက မြို့နယ်လ၀ကရုံးသို့ သွားရောက် သတင်းပို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။


(၂)အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) တွင် ပါဝင်သော အိမ်ထောင်စုဝင်များတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိပါက နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ကို မြို့နယ်လဝကရုံးတွင် မဖြစ်မနေ ဖြည့်သွင်းရမှာဖြစ်ပါတယ်။


(၃)အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ရှိ အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိ အချက်အလက်များနှင့် ကွဲလွဲနေပါက မြို့နယ်လဝကရုံးတွင် သွားရောက် ပြင်ဆင်ရမှာဖြစ်ပါတယ်။ (ဥပမာအနေနဲ့ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်) စသည်တို့ ကွဲလွဲနေပါ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။


(၄)အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထား ပါက မြို့နယ်လဝကရုံးသို့ အမြန်ဆုံးသတင်းပို့ ဖြေရှင်းရမှာဖြစ်ပါတယ်။ (ဥပမာအနေနဲ့ ပုသိမ်မှာ အိမ်ထောင်စုရှိပြီး သာပေါင်းတွင်ထပ်မံပြုလုပ်ထားခြင်း)ကိုဆိုလိုပါတယ်။


(၅)အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) အချက်အလက်မှ ပြောင်းဝင်/ပြောင်းထွက်/ မွေးဖွား/ သေဆုံး စာရင်းပြောင်းလဲမှုရှိသည့် အခါတိုင်း မြို့နယ်လဝကရုံးသို့ သွားရောက်ပြီး နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။


(၆)အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) မရှိသူများ အနေဖြင့် မြို့နယ်လဝကရုံးသို့ သတင်းပို့ပြီး ပန်းခင်းစီမံချက်အရ စိစစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ နိဂုံးချုပ်အနေဖြင့် မိဘပြည်သူများကို အသိပေး တင်ပြလိုတာကတော့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ Biographic Registration System Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ(၅၂)သန်းကို စာရင်းရေးသွင်းပြီး ဖြစ်ပါတယ်။အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆)အထစ အား-Household Registration System Software ဖြင့် ရိုက်သွင်းခြင်းလုပ်ငန်းလည်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပိုမို ကိုင်ဆောင်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)တစ်ခုထက် ပိုမိုကိုင်ဆောင်ခြင်းများရှိပါက မြို့နယ် လ၀ကရုံးတွင် လာရောက်ဖြေရှင်းဆောင်ရွက်ရန် အသိပေးလိုပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)များအား ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဖြင့် ဆက်သွယ်ပြီး ဆောင်ရွက်ပေးဖို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်။) ကျွန်တော်တို့ဌာနရဲ့ လုပ်ငန်းများကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ကူညီဆောင်ရွက်ပေးပါသော ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအား ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါတယ်ခင်ဗျာ- စသည်ဖြင့် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)