တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်


MNP  -  ဒီဇင်ဘာလ ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာ  မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၈)နာရီအချိန်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်းအား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ အကြောင်းနှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ပညာရေးဌာန (ငြိမ်း) ဦးစိုးနိုင်က (၇၅) နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့အကြောင်းနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း  သိရသည်။                                 


ယင်းဆွေးနွေးပွဲတွင် ပညာရေးဌာန(ငြိမ်း) ဦးစိုးနိုင်က  ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံသည်    မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ်(၉) ရက်နေ့၊ ခရစ်သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ   (၄)ရက်၊ တနဂ်နွေနေ့ နံနက်(၄)နာရီ(၂၀)မိနစ်အချိန်တွင် လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ကြီး ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးတို့၏ သွေးစည်းညီညွတ်မှုဖြင့် ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ရေး အကြံအစည်များ ပျက်ပြားသွားသော နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ထို့ကြောင့် လွတ်လပ်ရေးထာဝစဉ် တည်တံ့ခိုင်မြဲစေရန်အတွက်    မြန်မာတစ်နိုင်ငံလုံး မှ တိုင်းရင်းသားအားလုံးမှ စည်းလုံးညီညွတ်စွာဖြင့် ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း စသည်များအား ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။


ကျော်မျိုးနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)