ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၌ Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၌ Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်



MNP  -  ဒီဇင်ဘာ    ၂၁

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၅)နှစ်မြာက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ ၂ နာရီအချိန်က Youth Club အဖွဲ့ဝင်များနှင့်  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၁၅)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ - ၁၉၊ အမှတ်-၂၄ ပါ စာတည်းမှူး၏  စာဖတ်သည့်အလေ့အကျင့်ပြုစုပျိုးထောင်ပါ  ဆောင်ပါးနှင့် စာရေးဆရာ မောင်နှင်းဆီ ရေသားသည့်စကားခွန်အား ဆောင်းပါး ခေါင်းစဉ် တို့ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

    ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်ကစာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားသည်။   ဆက်လက်ပြီး   Youth Club  အဖွဲ့ဝင်များဖြစ်ကြသော မလင်းလဲ့ကြယ်စင်နှင့် မသန်းသန်းဌေး တို့မှဖတ်ကြားပေးကြသည်။

  ၎င်းဖတ်ကြားဆွေးနွေးမှုများအပေါ်တွင် Youth Club  အဖွဲ့ဝင်များက  သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဝိုင်းဝန်းဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ်တွင် အားနည်းချက်အားသာချက်များကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်အောင်တင်ကြည်က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။

အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)