ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်(၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်(၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုပြိုင်ပွဲများကျင်းပ



MNP  -  ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရုံး၊ Community Centre ခန်းမတွင် ယမန်နေ့ညနေ(၃)နာရီက (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပသည်။

သို့ရာတွင် အ-မ-က(၁၁၂)ခရင်ချောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ပုံပြင်များပြောခြင်းဖြင့်လည်းကောင်း၊ ကဗျာများရွတ်ဆိုခြင်းဖြင့်လည်းကောင်း ပြိုင်ပွဲများပြုလုပ်ခဲ့သည်။

ထို့သိုလွတ်လပ်ရေးနေ့အကြိုပြိုင်ပွဲများပြုလုပ်ရာတွင် ရှေးဦးစွာရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ရီရီလွင်မှ ပြိုင်ပွဲဝင်ကလေးများအား အမှာစကားပြောကြားသည်။ ထို့နောက်ပြိုင်ပွဲသို့တက်ရောက်လာကြသောကလေးငယ်များမှ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် ပုံပြင်များ၊ ကဗျာများဖြင့်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်/ဆက်ဦးစီးမှူးမှ ဆုလက်ဆောင်များပေးအပ်ပြီးမုန့်များဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)