ကျိန္တလီမြို့၌ (Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိန္တလီမြို့၌ (Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲ ကျင်းပ

7

8


MNP -  ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲကို ယမန်နေ့ နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ကျင်းပခဲ့သည်။                               

အဆိုပါပြိုင်ပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးမှ ပြိုင်ပွဲကျင်းပခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြင်ပြောပြိုင်ပွဲအား ကျင်းပရာ မောင်ထွန်းတေဇာလင်းက “ညီအစ်ကိုနှစ်ယောက်” ပုံပြင်ဖြင့် လည်းကောင်း၊ မောင်စစ်ရန်နိုင်က “လိမ္မာသူကိုအတုယူ” ပုံပြင်ဖြင့်လည်းကောင်း၊ မဆုမြတ်နိုင်က “ငပျင်း” ပုံပြင်ဖြင့်လည်းကောင်း၊ မဆုပြည့်သော်တာလင်းက “သစ်ရွက်လေးနှင့်မြေပုံလေး” ပုံပြင်ဖြင့် လည်းကောင်း၊ မမိုးမြင့်ဟေမာန်ခင်က “အဖိုးအိုနှင့်သားသုံးယောက်” ပုံပြင်ဖြင့်လည်းကေင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲကို ပြိုင်ပွဲဝင် ကျောင်းသား/ သူများက အသင်း(၃)သင်းခွဲပြီး ယှဉ်ပြိုင်ခဲ့ရာ မောင်လင်းတိုးနိုင်ဦးဆောင်သောအဖွဲ့က (ပထမ) ဆုကိုလည်းကောင်း၊ မောင်ကောင်းသစ်စံဦးဆောင်သောအဖွဲ့မှ (ဒုတိယ) ဆုကိုလည်းကောင်း မောင်ကောင်းဆက်ဟိန်းဦးဆောင်သောအဖွဲ့မှ (တတိယ) ဆုကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။ ထို့နောက် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးမှ ဆုရရှိသော ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages