ရမ်းဗြဲမြို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်ဆောင်ရွက်




MNP  -   ဒီဇင်ဘာ     ၂၇

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယနေ့ နံနက်ပိုင်းစတင်ပြီး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ပြသဆောင်၌ရွက်ကြသည်။


    အဆိုပါစာအုပ်စာစောင်နှင့်ဓာတ်ပုံပြပွဲဆောင်ရွက်ရာတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က ပြပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ပြပွဲတွင် သုတ/ရသ ၊ မဂ္ဂဇင်း၊ ဂျာနယ် ကလေးစာပေများ စသည့်စာအုပ်စာစောင်များပါဝင်ပြီး ဓာတ်ပုံများပြသရာတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း နိုင်ငံတော်ခေါင်းဆောင်များနှင့် ပြည်သူများ၏ကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာများနှင့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ဝေဝေဆာဆာဖြင့် ပြသဆောင်ရွက်ထားရှိသည်။


    ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစာအုပ်စာစောင်နှင့်ဓာတ်ပုံပြပွဲဆောင်ရွက်ရာသို့ ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)