အမ်းမြို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ





MNP  -  ဒီဇင်ဘာ  ၂၈

 ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့ နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ခင်းကျင်းပြသဆောင်၌ရွက်ခဲ့သည်။


 အဆိုပါစာအုပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲဆောင် ရွက်ရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးစန်းဝင်းက ပြခန်းများဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ စာအုပစာစောင်ပြပွဲတွင်အသစ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များ ၊ မဂ္ဂဇင်း၊ ဂျာနယ် ကလေးစာပေ စသည့်စာအုပ်စာများပါဝင်ပြီး နံရံကပ်စာစောင်ဓာတ်ပုံပြပွဲတွင်ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ် ရေးကြိုးပမ်းမှုကာလ သမိုင်းစဉ်မှတ်တမ်းများ လူထုဟောပြောပွဲမှတ်တမ်းများလွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာများနှင့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ဝေဝေဆာဆာဖြင့် ပြသဆောင်ရွက်ထားရှိသည်။


 ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစာအုပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲဆောင်ရွက်ရာသို့ ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


စိုးမင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)