မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်



MNP - ဒီဇင်ဘာ ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁နာရီခွဲက စာရေးဆရာ အောင်သင်းရေးသားသည့်``ကိုယ့်ကိုယ်ကိုယ်ပြဋ္ဌာန်းခြင်း´´စာအုပ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံးဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


   အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးရန်ငြိမ်းမှ ဝန်ထမ်းများ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန်၊စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် စာရေးဆရာအောင်သင်းရေးသားသည့်``ကိုယ့်ကိုယ်ကိုယ်ပြဋ္ဌာန်းခြင်း´´စာအုပ်ပါအကြောင်းအရာများနှင့်မိတ်ဆက် ရှင်းလင်းပြောကြားသည်။

       ထို့နောက် ဝန်ထမ်းများက  စာအုပ် ခေါင်းစဥ်ပါအကြောင်းအရာတစ်ခုချင်းစီ ဖတ်ကြားပြီး နားလည်မှုများအား အသိဗဟုသုတမျှဝေ၍ အပြန်အလှန် ရှင်းလင်းဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)