MNP ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမ၌ ယနေ့ နေ့လည် ၁ နာရီ အချိန်က လုပ်ငန်းများဆောင်ရွက်ရာတွင်လျင်မြန်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက်သတ်မှတ်ထားသည့်လုပ်ငန်းစနစ်များ(SOP)စာအုပ်ဖြင့်
စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးကစာအုပ်စာစောင်များပျက်စီး၊ ပျောက်ဆုံးခြင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် သဘာဝဘေးအန္တရာယ်ကြောင့် စာအုပ်စာစောင်များပျက်စီးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအား မိမိတို့မြို့နယ်ရုံးရှိ ဝန်ထမ်းများသိရှိနားလည်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက် ရုပ်သံကျွမ်းကျင်( ၃)ဦးအောင်သိန်းဝေနှင့်ဝန်ထမ်းများက စက်ပစ္စည်းများပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးကြောင်းတင်ပြရာတွင်ပါဝင်ရမည့်အချက်များခေါင်းစဥ်ပါအချက် များအား အသီးသီးဆွေးနွေးဖတ်ကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများ၏ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ဒုတိယဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့ပြီးဝန်ထမ်းများအားအသိပညာဗဟုသုတတိုးပွါးလာစေရန်၊ ရုံးလုပ်ငန်းများကို ကျွမ်းကျင်မှုရှိစေရန်အတွက်ရုံးဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို တစ်လလျှင်နှစ်ကြိမ်ပြုလုပ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment