မိုးညိုမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးထပ်ဆင့် ရှင်းလင်းခြင်းနှင့် Cross-Check စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးထပ်ဆင့် ရှင်းလင်းခြင်းနှင့် Cross-Check စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်



MNP - ဒီဇင်ဘာ ၁၇


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးထပ်ဆင့် ရှင်းလင်းခြင်းနှင့် တိုင်းတစ်တိုင်းလုံးအတွင်းရှိ မှတ်ပုံတင်တူနေသူများနှင့် ရပ်/ကျေးအတွင်း မှတ်ပုံတင်တူနေသူများအား Cross-Check စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက မဲစာရင်းမှန်ကန်စေရေး မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မှတ်ပုံတင်နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ထပ်နေသူများနှင့်စပ်လျဉ်း၍ လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မဲစာရင်းမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ Cross- Check စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ‌ကြည့်ရှုကြသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)