မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး (Cross Check) စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျုံပျော်တွင် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး (Cross Check) စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျုံပျော်တွင် ပြုလုပ်


MNP    -     ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်းရှိ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ အခြေခံ လူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား (Cross Check) စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ကျုံပျော်ခရိုင်အတွင်း ဥပဒေနှင့်အညီ နေထိုင်သူများ စာရင်းအား Cross Check ပြုလုပ်ထားမှု အခြေအနေကို Power Point ဖြင့် ရှင်းလင်း ပြောကြားသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဌာနအသီးသီးမှ တာဝန်ခံအရာရှိများက မဲစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။


အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျုံပျော်၊ ရေကြည်၊  ကျောင်းကုန်းမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ် လဝက ဦးစီးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


လပြည့်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)