ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊အခြေခံလူဦးရေစာရင်းမှစာရင်းထပ်နေမှုများအားCROSS CHECKစနစ်ဖြင့်စီစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊အခြေခံလူဦးရေစာရင်းမှစာရင်းထပ်နေမှုများအားCROSS CHECKစနစ်ဖြင့်စီစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကျင်းပ





MNP  -  ဒီဇင်ဘာ  ၂၅

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊အခြေခံလူဦးရေစာရင်းမှစာရင်းထပ်နေမှုများအားCROSS CHECKစနစ်ဖြင့်စီစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁)နာရီအချိန်က ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှခရိုင်/မြို့နယ်အဆင့်ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံက ရွေးကောက်ပွဲကျင်းပရေးတာဝန်၊ ရွေးကောက်ပွဲကျင်းပရာတွင် ကျင့်သုံးမည့်စနစ်များ၊ 

မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊အခြေခံလူဦးရေစာရင်းမှစာရင်းထပ်နေမှုများအားCROSS CHECKစနစ်ဖြင့်စီစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာများ၊

 PR စနစ်ပြောင်းလဲကျင့်သုံးပါကသိမှတ်ဖွယ်ရာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များ၊ ဥပဒေပါ မဲစာရင်းပြုစုခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အခြေခံလူဦးရေစာရင်းများပြုစုခြင်း၊ စိစစ်သည့်လူဦးရေ၊ စိစစ်တွေ့ရှိရသည့် အကြိမ်ထပ်ဦးရေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှစ်ကြိမ်နှင့် အထက်ထပ်နေမှုများ တွေ့ရှိမှုအခြေအနေတို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ပြည်နယ်ရွေးကောက်ပွဲအရာရှိဦးသူရိန်ထွဋ်၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့်အတူ ခန်းမအတွင်း၌

ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လူဦးရေစာရင်းများကို ကွန်ပျူတာဆော့ဝဲလ်အသုံးပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြားထပ်နေသူများ၊ နိုင်ကတ်မရှိသူ/မပြည့်စုံသူများ၊ အသက် ၁၈ နှစ်နှင့်အထက်အောက်ရှိသူများ၊ မွေးသက္ကရာဇ်မပြည့်စုံ သူများ၊ မွေးရက်၊ မွေးလထပ်နေသူများစသည်တို့ကို CROSS CHECK စစ်ဆေးနေမှုကို ကြည့်ရှုအား ပေးခဲ့ကြကြောင်းသိရသည်။


အဆိုပါမဲစာရင်းပြည့်စုံမှန်ကန်စေရေး၊အခြေခံလူဦးရေစာရင်းမှစာရင်းထပ်နေမှုများအားCROSS CHECKစနစ်ဖြင့်စီစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာရှင်းလင်းဆွေးနွေးပွဲသို့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရံုးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှခရိုင်/မြို့နယ်အဆင့်ဝန်ထမ်းများ၊ရပ်/ကျေး စာရေးများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်းလူအင်အား(၂၀၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)