ဘူးသီးတောင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် အခြေခံလူဦးရေစာရင်း ထပ်နေသူများအား CROSS CHECK စနစ်ဖြင့် စီစစ်သန့်စင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအကြောင်း ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် အခြေခံလူဦးရေစာရင်း ထပ်နေသူများအား CROSS CHECK စနစ်ဖြင့် စီစစ်သန့်စင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအကြောင်း ရှင်းလင်းဆွေးနွေး




MNP -   ဒီဇင်ဘာ  ၂၆

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ PR စနစ် အကြောင်းနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက်  အခြေခံလူဦးရေစာရင်း ထပ်နေသူများအား CROSS CHECK စနစ်ဖြင့် စီစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန် ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ၊ ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်နှင့် အတူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဌ ဦးကျန်အေးနှင့် အဖွဲ့၀င်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများ၊ ရပ်/ကျေး စာရေးများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံက ရွေးကောက်ပွဲကျင်းပရေးတာဝန်၊ ရွေးကောက်ပွဲကျင်းပရာတွင် ကျင့်သုံးမည့်စနစ်များ၊ နိုင်ငံရေး ပါတီများ စည်းစနစ်တကျ စီစစ်ခြင်း၊ မဲစာရင်းမှားယွင်းမှု မရှိစေရေး ကြိုတင် ဆောင်ရွက်နေမှုများ၊ မဲစာရင်းစစ်ဆေးခြင်းများ၊ PR စနစ်ပြောင်းလဲကျင့်သုံးပါက သိမှတ်ဖွယ်ရာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဥပဒေပါ မဲစာရင်းပြုစုခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အခြေခံလူဦးရေစာရင်းများ ပြုစုခြင်း၊ စိစစ်သည့်လူဦးရေ၊ စိစစ်တွေ့ရှိရသည့် အကြိမ်ထပ်ဦးရေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှစ်ကြိမ်နှင့် အထက် ထပ်နေမှုများ တွေ့ရှိမှု အခြေအနေတို့ကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာ၀န်ရှိသူများသည် ခန်းမ အတွင်း၌ ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ရုံးမှ ဝန်ထမ်းများက လူဦးရေစာရင်းများကို ကွန်ပျူတာဆော့ဝဲလ်အသုံးပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ထပ်နေသူများ၊ နိုင်ကတ်မရှိသူ/မပြည့်စုံသူများ၊ အသက် ၁၈ နှစ်နှင့်အထက်အောက်ရှိသူများ၊ မွေးသက္ကရာဇ်မပြည့်စုံ သူများ၊ မွေးရက်၊ မွေးလထပ်နေသူများစသည်တို့ကို CROSS CHECK စစ်ဆေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)