ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(မွန်ပြည်နယ်တာဝန်ခံ)မှ မဲစာရင်းများပြည့်စုံမှန်ကန်ရေး(CROSS CHECK)စနစ်ဖြင့် စိစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်တာဝန်ခံများနှင့်လာရောက်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(မွန်ပြည်နယ်တာဝန်ခံ)မှ မဲစာရင်းများပြည့်စုံမှန်ကန်ရေး(CROSS CHECK)စနစ်ဖြင့် စိစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်တာဝန်ခံများနှင့်လာရောက်တွေ့ဆုံ




MNP -  ဒီဇင်ဘာ    ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေး(CROSS CHECK)စနစ်ဖြင့် စိစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)ဦးသန်းဝင်းနှင့် ပြည်နယ်/ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ် အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းတွင် လာရောက်တွေ့ဆုံခဲ့သည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးသန်းဝင်းက (CROSS CHECK)လုပ်ငန်းများဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများမှန်ကန်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ မှန်ကန်တိကျသော စာရင်းများကောက်ယူရာတွင် မဲဆန္ဒရှင်များ၏အမည်စာရင်းများ မွေး/သက္ကရာဇ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား သေချာစွာမေးမြန်းပြီး ကြည်လင်ပြတ်သား၊ လက်ရေးကောင်းမွန်စွာဖြင့် ရေးသွင်းရန်လိုကြောင်းမှာကြားခဲ့သည်။ ဆက်လက်၍မြေပြင်လူဦးရေစာရင်းများနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူးဦးမြတ်သွင်က ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေနှင့် ရွေးကောက်ပွဲတွင် အဓိကကျသည့် မြေပြင်လူဦးရေစာရင်းများ ပြုစုဆောင်ရွက်ထားရှိမှု အခြေအနေကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)