လွိုင်လင်ခရိုင်အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းများ Cross Check ပြုလုပ်ထားရှိမှုကို ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်ခရိုင်အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းများ Cross Check ပြုလုပ်ထားရှိမှုကို ရှင်းလင်း

 


MNP - ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(တောဂ်ပိုင်း) လွိုင်လင်မြို့၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  ၊ လွိုင်လင်ခရိုင်အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းများအား Cross Check ပြုလုပ်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးသန်းစိုးက ယမန်နေ့ နံနက် (၁၀)နာရီတွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးသန်းစိုးက ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဉပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား ကျင်းပပေးမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် လွတ်လပ်ပြီးဥပ‌ဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်‌ဆင်‌ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်စေရေးနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဩဂုတ်လ မှ ၂၀၂၂  မေလအတွင်းဆောင်ရွက်ခဲ့ပြီး ရရှိလာသော စာရင်းများအပေါ် အခြေခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနတို့ ပူးပေါင်း၍ လစဉ် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုအခါ ရှမ်းပြည်နယ်အတွင်း ဥပဒေနှင့်အညီ နေထိုင်သည့် လူဦးရေစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင် စစ်ဆေးခြင်း (Cross Check) စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တွေ့ရှိလာသော (၂/၃/၄/၅) ကြိမ်ထပ် မဲဆန္ဒရှင်စာရင်းများရှိကြောင်း၊ ယင်းစာရင်းများ မှန်ကန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ စီစစ်၍ အမြန်ဆုံးပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီးနောက် ဆောင်ရွက်ရမည့်နည်းလမ်းများကို (Power Point) ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လွိုင်လင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ခရိုင်ဦးစီးမှူး ဦးသိန်းထူးအောင်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ လွိုင်လင်မြို့နယ် ရပ်ကွက်(၂)ခုမှ နိုင်ငံသားစိစစ်ရေးကတ်ပြားထပ်နေသူ၊ လဝကပုံစံ (၆၆) အထစ ထပ်နေသူများအား စိစစ်ခြင်းကို လက်တွေ့ဆောင်ရွက်ကြသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။


အဆိုပါ အစည်းအဝေးသို့ လွိုင်လင်ခရိုင်နှင့် နမ့်စန်ခရိုင် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)