အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH, NUG, PDF နှင့် အပေါင်းအပါတို့၏ ရိုင်းစိုင်းယုတ်မာ လူမဆန်စွာ လုပ်ဆောင်နေမှုများအား ပြင်းထန်စွာ ဆန့်ကျင် ရှုံ့ချ ကန့်ကွက်ကြောင်း USDP ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH, NUG, PDF နှင့် အပေါင်းအပါတို့၏ ရိုင်းစိုင်းယုတ်မာ လူမဆန်စွာ လုပ်ဆောင်နေမှုများအား ပြင်းထန်စွာ ဆန့်ကျင် ရှုံ့ချ ကန့်ကွက်ကြောင်း USDP ထုတ်ပြန်




MNP ၊ ဒီဇင်ဘာ ၁၉

မဲသမားမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် အာဏာလက်မဲ့ဖြစ်သွားရပြီးနောက်ပိုင်း NLD ဦးဆောင်သူများ ဖွဲ့စည်းထားသော CRPH, NUG, PDF နှင့် အပေါင်းအပါတို့၏ ရိုင်းစိုင်းယုတ်မာ လူမဆန်စွာ လုပ်ဆောင်နေမှုများအား ပြင်းထန်စွာ ဆန့်ကျင် ရှုံ့ချ ကန့်ကွက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ထုတ်ပြန် ထားသည်။

USDP ၏ ထုတ်ပြန်ချက်တွင် CRPH, NUG တို့၏ ညွှန်ကြားမှုဖြင့် PDF အကြမ်းဖက်သမားများသည် ကိုယ်နှင့်မတူ ကိုယ့်ရန်သူ ဟူသော မူဝါဒအား ကိုင်စွဲ၍ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ရဟန်းသံဃာတော်များ၊ အစိုးရဝန်ထမ်းများ၊ အလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များအား ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ လမ်းတံတားများအား မိုင်ထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အဝေးမှ နှောက်ယှက်ပစ်ခတ်ခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည်များကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

၎င်းတို့၏ ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းဆိပ်ကမ်း မှ ဒလဆိပ်ကမ်းသို့ ခရီးသည်များ တင်ဆောင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးခြင်းကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ (၁၇)ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြသည့် ဖြစ်စဉ်ကို ရည်ညွှန်းထုတ်ပြန်ထားသည်။

မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီးနောက် NLD ဦးဆောင်သူများ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အဖွဲ့များအနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အကြမ်းဖက်လုပ်ရပ်မျိုးစုံကို ကျူးလွန်လာခြင်းကြောင့် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့များအဖြစ် ထုတ်ပြန်ကြေညာထားသည်။

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH, NUG, PDF တို့သည် ကရင်ပြည်နယ်တွင် KNLA တပ်ဖွဲ့ဝင်တချို့၊ KKO ခွဲထွက် အဖွဲ့များနှင့် ပူးပေါင်း၍ ကျိုက်ထီးရိုးဘုရားဖူးများကို ပစ်ခတ်သည့် အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြပြီး ကော့ကရိတ်မြို့နယ်တွင် အရပ်သားပြည်သူများ၏ နေအိမ်များကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH, NUG, PDF တို့သည် KIA အဖွဲ့နှင့် ပူပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သံဃာတော်များ၊ ဆရာ/ဆရာမများ နှင့် ကလေးများပါ မချန် သတ်ဖြတ်သည့် လူမဆန်သော ရက်စက်ယုတ်မာ ရိုင်းစိုင်းမှုများ ကို ကျူးလွန်ခဲ့ကြသည်။

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH, NUG, PDF နှင့် အပေါင်းအပါတို့သည် USDP ပါတီဝင်များကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် USDP ပါတီဝင်နှင့် ပါတီကိုဝန်းရံသူ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရပြီး ရပ်ရွာကို စွန့်ခွါ၍ တိမ်းရှောင်နေကြရသူများလည်း ရှိသည်။


https://t.me/MyanmarNationalPost

(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)