မြောက်ဦးမြို့၌ Dicion-M ပုံစံတူ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချနေခြင်းရှိ /မရှိ ဆေးဝါးစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ Dicion-M ပုံစံတူ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချနေခြင်းရှိ /မရှိ ဆေးဝါးစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး




MNP  -  ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ် ၊မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌  Dicion-M ပုံစံတူ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချနေခြင်းရှိ /မရှိ  ဆေးဝါးစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခြင်း ဆေးယနေ့ နံနက် ၈ နာရီ ခွဲ အချိန်က မြို့မဈေးကြီး နှင့် ရပ်ကွက်များအတွင်းရှိဆေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆေးဝါးစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမောင်သိန်း ဦးဆောင် ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မင်းထွန်း ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးမောင်မောင် ၊ ကျန်းမာရေးဦးစီးဌာန မှ ကျန်းမာရေးမှူး ဦးမောင်မောင်သန်း ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ မြို့နယ်တိုင်းရင်းဆေး ပညာဦးစီးဌာန နှင့်တာဝန်ရှိသူများမှ New Magnate Co.,Ltd မှ Dicion-M ကိုဆေးဝါးမှတ် ပုံတင်၍ တရားဝင်ရောင်းချဖြန့်ဖြူးလျက်ရှိပြီး ဈေးကွက်အတွင်းမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M ပုံစံတူဆေးဝါးရောင်းချခြင်းရှိ/မရှိ တို့ကို မြို့နယ်အတွင်းရှိ  ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)