(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းများ၊ E-library, IT Center နှင့် ဆင်သေချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းများ၊ E-library, IT Center နှင့် ဆင်သေချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားများ ကျင်းပ



MNP -   ဒီဇင်ဘာ   ၂၈

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်      ပြည်ထောင်စု နယ်မြေ နေပြည်တော်  လယ်ဝေးမြို့နယ်  သော်မှော်ကုန်း ခေတ်မီစံပြ ကျေးရွာ၏   ကွန်ကရစ်လမ်းများ၊ E-library, IT Center ဖွင့်ပွဲအခမ်းအနားနှင့် ဇေယျာ သီရိခရိုင်  ပုဗ္ဗသီရိမြို့နယ်   ကျည်တောင်ကန်- ဇီးကုန်း-လေသာ-သရက်တောလမ်း ပေါ်ရှိ ဆင်သေ ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားတို့ကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။


ရှေးဦးစွာ   နေပြည်တော်ကောင်စီနယ်မြေ  သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာ၏ ကွန်ကရစ်  လမ်းများနှင့် E-library, IT Center ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက နိုင်ငံတော်ဝန်ကြီးချုပ်က  “ကျေးလက်ဒေသများ  ဖွံ့ဖြိုး တိုးတက်ရေးအတွက်    လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်၊  ကျေးလက်စီးပွားရေး လုပ်ငန်းများနှင့်    ပုဂ္ဂလိက သမဝါယမလုပ်ငန်းများ  တိုးတက်စေရေး  ဆောင်  ရွက်ရန်၊   အသေးစား   စက်မှုလက်မှုလုပ်ငန်းများ မြှင့်တင်ပေးရန်”  လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်အညီ  မိမိတို့ဝန်ကြီးဌာန အနေဖြင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်  ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းသော အစိမ်းရောင်ဖွံ့ဖြိုးမှုကို  အားပေးသည့် ခေတ်မီစံပြကျေးရွာများ ထူထောင်ပေး လျက်ရှိရာ  ယခုဆိုလျှင်  ကျေးရွာ ၄၃ ရွာအထိ  ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊  သော်မှော်ကုန်း စံပြကျေးရွာအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး ရေးအတွက်  ကျေးရွာ စာကြည့်တိုက်၊   ရေစက်ရုံ Pump အသစ်လဲလှယ်ပေးခြင်း၊ ရေပေးရေးလုပ်ငန်းများ၊   အမြင့်ရေစင်နှင့်    အိမ်သွယ်ရေတိုင်စနစ်၊  ကျေးရွာတွင်းလမ်းများ     ဖောက်လုပ်ပေး နိုင်ခဲ့ပါကြောင်း၊ သွင်းအား စုနှင့် ငွေကြေးဝန်ဆောင်မှုအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသေးစား အလတ် စား စီးပွားရေးလုပ်ငန်းများအတွက် ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေ RBF ဖြင့် ကြက်၊ ဝက်၊  နွားမွေးမြူရေးအစုအဖွဲ့ ကိုးဖွဲ့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အကျိုးအမြတ်များ စတင်ခံစားနေပြီဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားများ၏ စီးပွားရေး၊  ကျန်းမာရေး၊ ပညာရေးအပါအဝင် နေ့စဉ်နေထိုင်မှု ပုံစံများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တာနက်ချိတ်ဆက်ပေးပြီး E-library, IT Center တစ်ခု တည်ထောင်ပေးနိုင်ခဲ့သဖြင့် ဈေးကွက်သတင်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာအချက်အလက် များ၊ ပညာရေး၊ ကျန်းမာရေးတို့ကို အထောက်အကူ ဖြစ်စေပြီး စာအုပ်စာစောင်များ၊ ဆောင်းပါးဂျာနယ် များပါ  ဖတ်ရှုလေ့လာနိုင်တော့မည်  ဖြစ်ပါကြောင်း၊  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး တက်ညီ လက်ညီ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ရေရှည်အကျိုး  ခံစားနိုင်အောင်၊ ပျက်စီးဆုံးရှုံး မှုမရှိအောင် ဝိုင်းဝန်း ထိမ်းသိမ်းစောင့်ရှောက်ကြရမည်    ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က  ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရက  ဆောင်ရွက်ပေးသော   ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုး ထားပြီး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် မိမိတို့ကျေးရွာအား ခေတ်မီ စံပြကျေးရွာဖြစ်အောင် သက်ဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း ပြောကြားသည်။


ထို့နောက်    ပြည်ထောင်စုဝန်ကြီး    ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် အမြဲ တမ်းအတွင်းဝန် ဦးခန့်ဇော်တို့က ကျေးရွာကွန်ကရစ် လမ်းသစ်များကို  ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော   ဧည့်သည်တော်များအား (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ လမ်းဖွင့်ပွဲ အထိမ်းအမှတ်  လက်ဆောင်များ  ပေးအပ်ကြကာကွန်ကရစ် လမ်းကို လှည့်လည်ကြည့်ရှုကြသည်။ 


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည် တော်ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မင်းနောင်နှင့် ကောင်စီအဖွဲ့ဝင် (၂) ဦးဇေယျာလင်းတို့က ကျေးရွာ စာကြည့်တိုက်၏ E-library, IT Center တို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး  Skylark  ကုမ္ပဏီ လီမိတက် တာဝန်ရှိသူ တစ်ဦးက IT Center တွင် Digital   နည်းပညာနှင့်ပတ်သက်၍  ရှင်းလင်း တင်ပြသည်။


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိခရိုင်  ပုဗ္ဗသီရိမြို့နယ်  ကျည်တောင်ကန်-ဇီးကုန်း-လေသာ-သရက်တော လမ်းပေါ်ရှိ ဆင်သေချောင်း ကူးတံတား ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့က အမှာစကား ပြောကြားကြသည်။


ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတား တည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။


ထို့နောက်   ပြည်ထောင်စုဝန်ကြီး    ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က  တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကြသည်။


ဆက်လက်၍   (၇၅)  နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဆင်သေချောင်းကူးတံတား ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းတင်ဓာတ် ပုံရိုက်ကြပြီး  တံတားသစ် ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)