တနင်္သာရီမြို့တွင် အခြေခံပညာမူလတန်းအဆင့် Grade-5 မြို့နယ်အဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့တွင် အခြေခံပညာမူလတန်းအဆင့် Grade-5 မြို့နယ်အဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP - ဒီဇင်ဘာ ၄


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) သင်ရိုးသစ် မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲတွင် တနင်္သာရီမြို့နယ် ပညာရေးမှူး ဦးခင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဒုတိယပညာရေးမှူး ဦးခင်အေးနှင့် ဦးမျိုးမြတ်ဦးတို့က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အခြေခံပညာမူလတန်းအဆင့် (Grade-5) သင်ရိုးသစ် စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားပါသည်။


ဆက်လက်၍သက်ဆိုင်ရာ ဘာသာရပ်သင် ဆရာ၊ ဆရာမများက သက်ဆိုင်ရာဘာသာရပ်များအလိုက် စာမေးပွဲလုပ်ငန်းဆိုင်ရာ၊ မေးခွန်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဘာသာရပ်သင် ဆရာ၊ ဆရာမ(၈၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။


သတင်း - သီသီခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)