ကျုံပျော်မြို့ကို Green City၊ Clean City ဖြစ်စေရေး ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့ကို Green City၊ Clean City ဖြစ်စေရေး ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်


MNP  -  ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့အား  ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ Green City၊ Clean City ဖြစ်စေရေးအတွက်  လုပ်ငန်းများ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်‌ထားမှုအား တာဝန်ရှိသူများကအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက်၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ မြို့အဝင်ဆိုင်းဘုတ်နှင့် တြိဂံချွန်းများ သန့်ရှင်းသပ်ရပ်၍ ပန်းအလှပင်များ စိုက်ပျိုးထားမှု၊ အများပြည်သူ အပန်းဖြေရာ နေရာများ သစ်လွင်တောက်ပရန် ဆောင်ရွက်ထားမှု၊ မြေယာရှုခင်းနှင့် ပန်းအလှပင်များ ပုံသွင်းပြုပြင်ထားရှိမှု၊ ပျိုးဥယျာဉ်အတွင်း အရိပ်ရပင်၊ ပန်းအလှပင်များ ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။


ထို့နောက် ဗိုလ်ချုပ်လမ်းတစ်လျှောက် လမ်းဘေး ဝဲယာ သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ မြို့မနာရီစင်နှင့် ဈေးအတွင်း သန့်ရှင်းမှုနှင့် စနစ်တကျ ဈေးရောင်းချနေမှု၊ မြို့နယ်မှ စိစစ်ရွေးချယ်ထားသော မြဝတီရပ်ကွက်အတွင်းရှိ လမ်းမကြီးများ၊ လမ်းသွယ်များ  သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ ပြည်သူများ ပူးပေါင်းပါဝင်၍ နေအိမ်များ၊ ခြံစည်းရိုးများ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှုတို့ကိုအမှတ်ပေး စည်းမျဉ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)