မတ္တရာမြို့နယ်၌ GW-11 မိုးစပါးစံကွက်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ GW-11 မိုးစပါးစံကွက်ရိတ်သိမ်း



MNP - ဒီဇင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် GW-11 မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဝန်စုကျေးရွာ ကွင်းအမှတ် ၂၅၁၊ ဦးပိုင်အမှတ်(၁၁/၂) တောင်သူ ဦးညီညီ၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။


မတ္တရာမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဂရိတ်ဝေါကုမ္ပဏီမှ တာဝန်ရှိဝန်ထမ်းများနှင့် တောင်သူများမှ တောင်သူ ဦးညီညီ၏ လယ်မြေ ၄ဒဿမ၄၆ ဧကမှ ဝ.၁၀ဧက စံကွက်ကို ရိတ်သိမ်းခဲ့ရာ တစ်ဧက (၁၂၂)တင်း ထွက်ရှိခဲ့သည်။


အဆိုပါ GW-11မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်လာကြသူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ  GW-11စပါးမျိုးကွဲ အကြောင်းနှင့်  နေကြာသီးနှံ သီးထပ် သီးညှပ် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)