မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် GW 11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် GW 11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ


MNP   -    ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ GW 11 မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က  သီးကုန်းကျေးရွာ၊ ကွင်းအမှတ် ၈၈၂၊ ဦးပိုင်အမှတ် ၁၂၂/၁ ရှိ တောင်သူ ဒေါ်ခင်အေး၏ GW 11 စိုက်ဧက ၁.၁၉ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက မျိုးကောင်းမျိုးသန့် ပြန့်ပွားအောင်နှင့် စိုက်ပျိုးနည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်က လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများနှင့် သီးနှံများ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက  ပြန်လည်ဖြေကြားခဲ့သည်။ ထိုနောက် GW 11 မိုးစပါး စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါးအစို    ၁၁၇ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ  မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်း၊   ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအေး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်၊ မြို့နယ်စို က်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်လင်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မိတ္ထီလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌  မိုးစပါးစိုက်ဧက ၁၀၄၃၂ စိုက်ပျိုးနိုင်ခဲ့ရာ GW 11 မိုးစပါး စိုက်ဧက ၇၅ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)