သီတဂူဆရာတော်ကြီး International Buddhist Monk Training School ကျောင်းသို့ ကြွရောက်အားပေးခြင်းချီးမြှောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတဂူဆရာတော်ကြီး International Buddhist Monk Training School ကျောင်းသို့ ကြွရောက်အားပေးခြင်းချီးမြှောက်







MNP ၊ ဒီဇင်ဘာ ၁၇

ကျေးဇူးရှင် အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ ဂယာမြို့ရှိ Buddha International Welfare Mission ကျောင်းတည်ထောင်သူ Venerable B.Ayiyapala Bhikkhu ၏ ဖိတ်ကြားချက်အရ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


International Buddhist Monk Training School ကြောငျးသို့ (၃:၁၅)နာရီတွင် ထိုကျောင်းသို့ရောက်ရှိခဲ့ပြီး Ven. B. Ayiyapala Bhikkhu နှင့်ကျောင်းရှိသံဃာတော်များ၊ ကိုရင်လေးများမှ နွေးထွေးစွာကြိုဆိုဂါရဝပြုကြသည်။


ထို့နောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးကို ဩကာဿ ကန့်တော့ချိုးဖြင့် ရှိခိုးကန့်တော့ကြပြီး သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ဩဝါဒမိန့်ကြားခဲ့သည်။


သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ကျောင်းတိုက်တာဝန်ခံဆရာတော် Ven. B. Ayiyapala Bhikkhu ကို သာသနာတော်အတွက် ကိုရင်လေးများသည် အရေးကြီးကြောင်း၊ ကိုရင်လေးများမှ ရဟန်းဘဝသို့၊ ရဟန်းဘဝမှသည် ကမ္ဘာ့သာသနာပြုအကျော်များအဖြစ်သို့ ရောက်နိုင်အောင်ပြုစုပျိုးထောင်ပေးပြီး မင်္ဂလာသုတ်၊ မေတ္တာသုတ်၊ မဟာဗုဒ္ဓဝင်၊ ပရာဘဝသုတ်များ သင်ကြားပေးရန် မိန့်ကြားခဲ့ကြောင်း သိရသည်။


ထို့နောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး ညနေ (၄:၀၀)နာရီတွင် International Buddhist Monk Training School မှ မဟာဗောဓိပရဟိတကျောင်းသို့ ပြန်လည်ကြွရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)