စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ရပ်တွေ ချုပ်ငြိမ်းဖို့ KIA ကို အမြစ်ဖြတ်ကြပါစို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ရပ်တွေ ချုပ်ငြိမ်းဖို့ KIA ကို အမြစ်ဖြတ်ကြပါစို့



ဒီနေ့ညမှာ စစ်ကိုင်းတိုင်းဒေသကြီးထဲက အစ်ကိုတစ်ယောက်က ဖုန်းဆက်လာပါတယ်။ မြိုင်မြို့နယ်၊ အိုရင်းရွာက အမျိုးသားတစ်ယောက်ကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားတယ်။ သူ့ရဲ့အိမ်ကို ဖုန်းဆက်ပြီး ငွေကျပ်သိန်း ၁၅၀ နဲ့ ရွေးရမယ်လို့ ငွေညှစ်တယ်။ မိသားစုဝင်တွေအနေနဲ့လည်း အသက်ထက်အရေးကြီးတာတော့ မရှိဘူး။ ငွေရအောင်ရှာပြီး သွားရွေးကြပါတယ်။ ၁၄-၁၂-၂၀၂၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၁၅-၁၂-၂၀၂၂ ရက်နေ့မှာပဲ သူတို့တောင်းတဲ့ ငွေသိန်း ၁၅၀ ရအောင် ရှာပြီး သွားရွေးခဲ့ကြခြင်းဖြစ်ပါတယ်။

PDF အကြမ်းဖက်သမားများ က ငွေကိုယူပြီး လူကို လွှတ်ပေးမှာလိုလိုနဲ့ ပြန်ဖို့ ပြင်ဆင်နေစဉ်မှာပဲ ပြန်ခေါ်ပြီး ပစ်သတ်လိုက်ကြပါတယ်။ အဲဒီလောက် ရက်စက်ယုတ်မာ ရိုင်းစိုင်းတဲ့ PDF တွေရဲ့ ဒုက္ခပေးခြင်းကို ဒေသခံတွေအနေနဲ့ ခါးစည်းပြီး ခံနေကြရပါတယ်။ 

ထပ်ပြီး မြိုင်မြို့နယ်က အစ်ကိုတစ်ယောက်က ဖုန်းဆက်လာတော့လည်း ဒီအကြောင်းကိုပဲ ထပ်ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း စစ်ကိုင်းတိုင်းဒေသကြီးကို တည်ငြိမ်အေးချမ်းစေချင်တယ်။ ဒေသခံတစ်ယောက်က ဖုန်းဆက်လာတာ ဖြစ်လို့ ဘာလို့ အခုလိုအခြေအနေ ဖြစ်နေတာလဲ။ PDF ကို ဘယ်လို နှိမ်နင်းမလဲ မေးတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကြောင်းထိုးတယ်။ ရှင်းတယ်။ စစ်ကြောင်းထိုးတဲ့အခါ PDF က တိမ်းရှောင်နေတယ်။ ဖမ်းဆီးရမိလည်း မရှိဘူး။ စစ်ကြောင်းပြန်သွားတဲ့အခါမှ PDF အကြမ်းဖက်သမားတွေက ဒေသခံလူထုအပေါ် လူပါးဝ ဂုပ်သွေးစုပ် ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို လုပ်နေတယ်။ ဒီလို နှိနင်းနေလို့တော့ မပြီးပြတ်နိုင်ဘူး။ စစ်ကြောင်းထိုးလိုက် PDF က ပြေးလိုက်၊ စစ်ကြောင်းပြန်သွားလိုက် လူပါးဝပြီး ယုတ်မာရိုင်းစိုင်းလုပ်ရပ်တွေ လုပ်နေအုံးမှာပဲ လို့ သူ့အမြင်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေက မကြားချင်အဆုံး ကြားနေရတုန်းပဲ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာလည်း PDF အကြမ်းဖက်သမားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် သေကြေပျက်စီး ဆုံးရှုံးခဲ့ရပြီးဖြစ်တယ်။ လက်ရှိအခြေအနေအတိုင်းသာဆိုရင် ထပ်ပြီးတော့ ဆုံးရှုံးနေရအုံးမယ့် အခြေအနေကိုပဲ မြင်နေရတယ်။ ဘယ်လို နည်းလမ်းရှာကြမလဲ။

အထက်မှာ ဖော်ပြခဲ့တဲ့ ၁၄-၁၂-၂၀၂၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေတောင်းတဲ့ဖြစ်စဉ် ငွေပေးပါလျက်နဲ့ မိသားစုဝင်တွေရှေ့မှာပဲ ရက်ရက်စက်စက် သတ်လိုက်ကြတယ်ဗျာ။ ခင်ပွန်းဖြစ်သူကို မျက်စိရှေ့မှာတင် ရက်ရက်စက်စက် ပစ်သတ်လိုက်တာကို မြင်ရတဲ့ ဇနီးသည်တစ်ယောက် အနေနဲ့ ရူးမတတ်ခံစားခဲ့ရတယ်။ အဲဒီနေရာမှာ ကိုယ်သာဖြစ်ခဲ့ရင် ကိုယ့်မိသားစုဝင်တွေ ဘယ်လောက်အထိ ခံစားရမလဲ။

လူစိတ်မရှိတော့တဲ့ PDF ကို ကျွန်တော်တို့က တောင်းပန်လို့လည်း မရတော့ဘူး။ မေတ္တာရပ်ခံလို့လည်း မရတော့ဘူး။ နားချလို့လည်း မရတော့ဘူး။ ဆင်ကန်းတောတိုး မိုက်မဲနေကြမှာပဲဖြစ်တယ်။

ဒီလိုအခြေအနေတွေနဲ့ ဆက်စပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးကို မေးမြန်းကြည့်တယ်။ တချို့မြို့နယ်တွေမှာ ပြည်သူ့စစ်အင်အားကောင်းတယ်။ ပြည်သူ့စစ်အင်အားကောင်းတဲ့ မြို့နယ်တွေမှာ PDF ထင်တိုင်းကျဲခွင့် မရတော့ဘူး။ ပြည်သူ့စစ် အင်အားမရှိတဲ့ မြို့နယ်တွေမှာ PDF တွေ ယုတ်မာဆိုးသွမ်းနေတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဆောင်ရွက်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ "တပ်မတော်သားတွေ ပင်ပန်းတယ်ဗျ။ ခြေလျှင်တပ်က ကားစီးရတာ မဟုတ်ဘူး။ ခြေကျင်လျှောက်ပြီး စစ်ကြောင်းထိုးနေရတာ။ ငါးပွက်ရာ ငါးစာလိုက်ချသလိုလည်း လုပ်လို့ မရဘူး။ တချို့ကိစ္စတွေကြတော့ ဘယ်နေရာမှာ ဘာဖြစ်နေပါတယ်ဆိုလို့ သွားလိုက်ရင် မဟုတ်ဘူး။ KIA, PDF က ခေါ်မိုင်းစွဲတာ။ စစ်ကြောင်းတွေကလည်း ဒါကို ချိန်ဆရတာပေါ့။ ဘာဖြစ်နေပါဆိုပြီး သွားလိုက်ရင် သေချာတယ် လမ်းမှာ တစ်ခုခု ဖြစ်တော့မှာ။ နောက်နေ့ အဲဒီလမ်းကြောင်းကို သွားရှင်းရင် စွဲမိုင်းတွေ၊ ပဒေသာမိုင်းတွေ တွေ့တာပဲ။" လို့ ပြောပြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်အန္တရာယ်တွေ ချုပ်ငြိမ်းဖို့အတွက်ကိုတော့ "ကိုင်းဖျား ကိုင်းနားတွေ လိုက်ချိုင်နေလို့ ပြီးမှာ မဟုတ်ဘူး။ ပင်စည်ကို ခုတ်လှဲပစ်ရမှာ။ PDF ကိုင်နေတဲ့ လက်နက်၊ ကျည်ဆံ အားလုံးက KIA ဆီက ဝင်တာပဲ။ သေနတ်ရှိနေတယ်ဗျာ။ ကျည်မရှိရင် ဘာမှ လုပ်မရဘူး။ လက်နက်၊ ကျည်ဆံ မပြတ်ရှိနေတယ်ဆိုတာ KIA ဆီက အဆက်မပြတ်ဝင်နေတာပဲ။ KIA စခန်းတွေကိုသာ နာနာလေးဆော်လိုက်ရင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ လျှော့ပါးသွားမှာပါ။" လို့ သုံးသပ်ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ သံဃာတော်တွေ၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ရက်ရက်စက်စက် လည်လှီးသတ်တာမျိုးတွေ အများဆုံးတွေ့လာရပါတယ်။ ဗုဒ္ဓဘာသာဝင် လူငယ်တွေရဲ့ နှလုံးသားနဲ့ ဒီလို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေ ကျူးလွန်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတွေပါ။ KIA ရဲ့ ဗမာမုန်းတီးရေး လှုပ်ရှားမှု KIA တွေ ကိုယ်တိုင် PDF ကို ဦးစီးပြီး ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတာကို သိသာမြင်သာ ဖြစ်စေတဲ့ လုပ်ရပ်တွေပါပဲ။

ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုချင်တာက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အမှန်တကယ် ငြိမ်းချမ်းစေဖို့ KIA ကို ပြတ်ပြတ်သားသားချေမှုန်းပေးပါ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်စေဖို့ KIA ကို တပ်စခန်းတွေကို ဖျက်ဆီးပေးပါ။ စစ်ကိုင်းတိုင်းဒေသကြီး တည်ငြိမ်အေးချမ်းစေဖို့ KIA ကို အမြစ်ဖြတ်ကြပါတော့လို့သာ တောင်းဆိုပါရစေ။


နောင်တော်လေး (ဘိုကလေး)



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)