MNP ၊ ဒီဇင်ဘာ ၁၇
ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA သတင်းဌာနမှ လုပ်ကြံသတင်းများ ဖန်တီးရေးသားဖြန့်ဝေနေသူ ခင်မောင်စိုး နှင့် KIA ဒုဗိုလ်ချုပ်ကြီးဆိုသူ ဂွမ်မော် တို့ ဆက်သွယ်မေးမြန်းချက်တွင် ဂွမ်မော်ပြောဆိုထားသည့် စကားများအပေါ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျက "ကျွန်စော်နံသည့် ဂွမ်မော်ငတိ၊ စစ်တပ်အကြောင်း သေချာမသိ" ဟု တုန့်ပြန်ပြောဆိုထားသည်။
ဦးကျော်ဇေယျက "မိမိကိုယ်ကို ဒုဗိုလ်ချုပ်ကြီး ဟု ဆိုထားပါသော ဂွမ်မော် ကား စစ်တပ်တစ်ခု၏ Commander ဆိုသော သဘော တရားကိုပင် သေချာနားမလည်ရှာ၊ အင်တာဗျူးခဲ့၊ တပ်တစ်ခု၏ ကာကွယ်ရေးဦးစီးချုပ်ဆိုသူက ဂီတာ တီးချင်ရင်တောင် ကိုယ်တိုင် ကြိုးညှိစရာပင်မလိုပါ၊ တပည့် များစွာရှိပါသည်၊ မည်သည့် ဂီတအသံမျိုးကို သူကြားချင် နေသလဲ၊ လက်ဖျောက်တစ်ချက် တီးလိုက်သည် နှင့် ရေကန်အသင့် ကြာအတင့် ဖြစ်သူတစ်ဦးပါ၊ ထို့ကြောင့် မောင်ဂွမ်မော်သို့ လိုရင်း၊ တိုရှင်း အောက်ဖော် ပြပါ စာကြွင်းလေးဖြင့် အသိပေးလိုက်ပါသည်။" ဟု ရှင်းလင်းပြောဆိုထားသည်။
ဦးကျော်ဇေယျ၏ ရေးသားဖော်ပြချက်တွင် -
ကျွန်စော်နံသည့် ဂွမ်မော်ငတိ၊
စစ်တပ်အကြောင်း သေချာမသိ၊
သူ့ရဲ့အပြော ငပိန်းတောမှာ၊
ယုံကြလေ၏ ထုံပါဘိ။
မြန်မာ့တပ်မတော် တကယ်ဆော်က
ဂွမ်မော် လဒ မွဲပြာကျ၍၊
အမလေး အော် ဖင်မပေါ် အောင်၊
စဉ်းစားဆင်ချင် တွေးလေသော်၊
ငြိမ်းချမ်းအစဉ် အေးစေသော်။ ။
ဟု ရေးသားပြောဆိုထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လက်နက်၊ ခဲယမ်း အဓိက ပံ့ပိုးပေးနေသည်မှာ KIA ဖြစ်သောကြောင့် ကိုင်းဖျား ကိုင်းနားများကို လိုက်ခုတ်မနေဘဲ KIA တပ်စခန်းများကို အမြန်ဆုံးခြေမှုန်းပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများက တောင်းဆိုလျက်ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment