KIA ကို အမြစ်ပြတ် ချေမှုန်းပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တည်ငြိမ်အေးချမ်းမှုလိုလားသော ပြည်သူများ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA ကို အမြစ်ပြတ် ချေမှုန်းပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တည်ငြိမ်အေးချမ်းမှုလိုလားသော ပြည်သူများ တောင်းဆို



MNP ၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်စေရန် NLD အစွန်းရောက် လူငယ်များအား အကြမ်းဖက်သမားများအဖြစ် ကြိုးကိုင်၍ ကျည်ဆံ၊ လက်နက် အဓိက ထောက်ပံ့ပေးပြီး KIA အဖွဲ့ဝင်များကိုယ်တိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သင်တန်းပေးခြင်းများ လုပ်ဆောင်နေခြင်းကြောင့် KIA ကို အမြစ်ပြတ်ချေမှုန်းပေးရန် တောင်းဆိုလာကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက "PDF ကို လိုက်နှိမ်နင်းနေလို့ ပြီးမှာ မဟုတ်ဘူး။ အကိုင်းကို လိုက်ခုတ်သလို ဖြစ်နေတယ်။ ပင်စည်ကို ခုတ်လိုက်ရင် ပြီးတာပဲ။ PDF ကိုင်နေတဲ့ လက်နက်၊ ကျည်ဆံ က KIA ဆီကပဲ လာတာပါ။ KIA တပ်စခန်းတွေကို များများခြေမှုန်း၊ မြန်မြန်ချေမှုန်းမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တည်ငြိမ်အေးချမ်းမယ်။ အကြမ်းဖက်လုပ်ရပ်တွေ ချုပ်ငြိမ်းမယ်။ KIA ဆီက ကျည်ဆံမရတော့ဘူးဆိုရင် သူတို့လက်နက်တွေလည်း ဘာမှ လုပ်မရတော့ဘူး။ သေနတ်က ကျည်ဆံရှိမှ အသုံးဝင်တာ။ KIA ဆီကသာ ကျည်မရတော့ရင် PDF လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်သွားမှာပါ။ အဓိက KIA တပ်စခန်းတွေကို အမြန်ဆုံးချေမှုန်းပေးဖို့ လိုအပ်နေတာပါ။" ဟု ပြောဆိုသည်။


KIA, PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် မိသားစုဝင်တစ်ဦး သေဆုံးခဲ့ရသူတစ်ဦးက "KIA က အကြမ်းဖက်သင်တန်းပေးနေတဲ့ စခန်းတွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ကျွန်တော်တို့ သတင်းပေးခဲ့တာပဲဗျာ။ တပ်မတော်က ညှာလွန်းတယ်။ မရှင်းလင်းဘူး။  စစ်ကြောင်းလာရင် ဒီကောင်တွေက ရှောင်နေတယ်။ စစ်ကြောင်းပြန်သွားပြီဆိုရင် လက်နက်ကိုင်ပြီး ရွာသူရွာသားတွေအပေါ် အနိုင်ကျင့်စော်ကားကြတယ်။ တော်ကြာ စပါးလာသိမ်းတာနဲ့၊ တော်ကြာ အိမ်မှာ မွေးထားတဲ့ ကြက်လာတောင်းတာနဲ့။ ပိုက်ဆံလည်း ပေးရသေးတယ်။ မပေးရင် ဒလန်ဆိုပြီး သတ်သွားမှာလေ။ ခွေးသူတောင်းစားတွေက အဲဒီလိုလည်း တောင်းသေးတယ်။ လယ်ထဲယာထဲ အလုပ် လုပ်နေတဲ့ သူကို မထင်ရင် မထင်သလို သတ်သွားသေးတာ။" ဟု ပြောသည်။


ရွှေဘိုမြို့နယ်တွင် KIA ခရိုင်မှူးအဆင့် ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိနေကြောင်းကို PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာမှ " ငါတို့ရွှေဘိုခရိုင်ကို အုပ်ချုပ်ဖို့ဆိုပြီး လာတဲ့ကောင်ကလည်း ဘာအလုပ်မှမလုပ်ပဲ ဖာပဲပတ်ချနေတာ။ တနေ့တနေ့ သူ့ကိုဖာခေါ်ပေးရတာက အလုပ်တခုဖြစ်နေတယ်။ ဘယ်ကောင်လဲသိလား။ KIA ခရိုင်မှူး ဒူကဘာဒေးဗစ် ဆိုတဲ့ အကောင်ပဲ။ ဘာအလုပ်မှမလုပ်ပဲ ဖာချဖို့ပဲ သိတဲ့ကောင်။" ဟု ရေးသား ပြောဆိုထားသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA က ဦးဆောင်၍ PDF အကြမ်းဖက်သမားများကို မူးယစ်ဆေးဝါးဖြင့် အသုံးချခိုင်းစေနေပြီး ဆရာတော် သံဃာတော်များကိုပင် ရက်စက်စွာ သတ်ဖြတ်ပြီး ငွေကြေး၊ ပစ္စည်းလုယူသည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြရာ KIA ၏ အကြမ်းဖက်လုပ်ရပ်များသည် ဘာသာရေး၊ လူမျိုးရေးကို ဦးတည်လာနေခြင်းကြောင့် အမြန်ဆုံး အမြစ်ပြတ်ချေမှုန်းပေးရန် တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူများက တောင်းဆိုလာကြခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)