ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအား KIA/PDF များက လာရောက် ပစ်ခတ်ပြီး ကျေးရွာအား မီးရှို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအား KIA/PDF များက လာရောက် ပစ်ခတ်ပြီး ကျေးရွာအား မီးရှို့



MNP ၊ ဒီဇင်ဘာလ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊  ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာရှိ လုံခြုံရေးပူးပေါင်းအဖွဲ့အခြေပြုစခန်းအား ၂၅-၁၂-၂၀၂၂ ရက်နေ့ ညနေ ၃နာရီခွဲခန့်အချိန်က KIA/PDF အကြမ်းဖက်အဖွဲများက းရွာ၏အရှေ့ဘက် လယ်ကွင်းပြင်ဘက်မှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ရာ ကျေးရွာအတွင်းမကျရောက်ဘဲ ကျေးရွာအစပ်များတွင်သာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပြီး လုံခြုံရေးပူးပေါင်းအဖွဲများမှ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။


ည ၇ နာရီခွဲခန့်တွင်  KIA/PDF အကြမ်းဖက်သမားများသည် အင်အားအများအပြားဖြင့် အဖွဲ့ ၂ ဖွဲ့ခွဲ၍ ကံကြီးကုန်းကျေးရွာအတွင်းသို ဝင်ရောက်ကာ  တစ်ဖွဲ့မှဘုန်းကြီးကျောင်းအတွင်းအခြေပြုနေသော လုံခြုံရေးပူးပေါင်းအဖွဲအား ပစ်ခတ်ခဲ့ပြီး ကျန်တစ်ဖွဲမှ ကျေးရွာအတွင်း နေအိမ် ၁၀၂ လုံးအားမီးရှိဖျက်ဆီးခဲ့ကြောင်းနှင့်   ၎င်းကျေးရွာသား ၄ ဦးတွင် ၁ ဦးအား သေနတ်ဖြင့် ပစ်သတ်၊ ၁ ဦးအား မီးရှိ သတ်ခဲ့ပြီး ကျန် ၂ ဦးအား ဖမ်းသွားခဲ့ကြောင်း သိရှိရပါသည်။


 KIA/PDF အကြမ်းဖက်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများနှင့်အတူ ကျေးရွာအတွင်းနေအိမ်များ အကြောင်းမဲ့မီးရှိသွားခဲ့ကြောင်း သိရသည်။ 


ထိုဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက် ရဟတ်ယာဉ်ဖြင့် ကျေးရွာပတ်ပတ်လည်အား ရှင်းလင်းရန် ထောက်လှမ်းစဉ် KIA/PDF အကြမ်းဖက်များမှာ ထွက်ပြေးတိမ်းရှောက်ရာနောက် လိုက်လံပစ်ခတ်ဖမ်းဆီးရာ PDF အကြမ်းဖက်သမား ၂ဦး အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်တွင် KIA/PDF အကြမ်းဖက်အဖွဲ့များမှ အင်အားအများအပြားဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘဲ ရွာသား ၂ဦး အသတ်ခံရပြီး ရွာသား ၂ဦးကို အကြမ်းဖက်သမားများက ဖမ်းဆီးသွားခဲ့သည်။


KIA/PDF အကြမ်းဖက်သမားများ မီးရှိဖျက်ဆီးခဲ့သော နေအိမ် ၁၀၂ လုံးနှင့် ဒေသအတွင်း ပျက်စီးဆုံးရှုးမှုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သော ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရပသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)