KNLA အဖွဲ့ဝင်အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက Drone အသုံးပြုပြီး Drop Bomb များ ကြဲချဖောက်ခွဲမှုကြောင့် ကော့ကရိတ်မြို့၊ ရွှေကြက်မင်း ဘုန်းကြီးကျောင်း မှ သံဃာတော် တစ်ပါး ပျံလွန်တော်မူ၊ ဥူးဇင်း ၂ ပါး၊ ကိုရင် ၁ ပါးနှင့် ဘုန်းကြီးကျောင်းသား ၁ ဦးတို့ တွင် ထိခိုက်ဒဏ်ရာများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNLA အဖွဲ့ဝင်အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက Drone အသုံးပြုပြီး Drop Bomb များ ကြဲချဖောက်ခွဲမှုကြောင့် ကော့ကရိတ်မြို့၊ ရွှေကြက်မင်း ဘုန်းကြီးကျောင်း မှ သံဃာတော် တစ်ပါး ပျံလွန်တော်မူ၊ ဥူးဇင်း ၂ ပါး၊ ကိုရင် ၁ ပါးနှင့် ဘုန်းကြီးကျောင်းသား ၁ ဦးတို့ တွင် ထိခိုက်ဒဏ်ရာများရရှိ




MNP ၊ ဒီဇင်ဘာ ၂၆

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေ ရန်နှင့် ပြည်သူလူထုတို့ ထိတ်လန့်မှုများဖြစ်စေရန် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာ အဆောက် အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ရဟန်းသံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။


ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ရွှေကြက်မင်းဘုရားကုန်းပေါ်သို့ အကြမ်းဖက်မှုကို လိုလားသော KNLA အဖွဲ့ဝင်အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက Drone ၂ စီးအသုံးပြု၍  Drop Bomb များဖြင့် ကြဲချဖောက်ခွဲတိုက်ခိုက်ခဲ့သည်။


ဖြစ်စဉ်တွင် အကြမ်းဖက်မှုကိုလိုလားသော KNLA အဖွဲ့ဝင်အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ကြဲချတိုက်ခိုက်ခဲ့သည့် Drop Bomb ၂ လုံးသည် ရွှေကြက်မင်းဘုန်းတော်ကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ဥူးဇင်း ၂ ပါး၊ ကိုရင် ၁ ပါး နှင့် အသက် ၁၁ နှစ်အရွယ် ဘုန်းကြီးကျောင်းသား ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဘုန်းတော်ကြီး ကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်။


ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် သံဃာတော်များနှင့် ဘုန်းကြီး ကျောင်းသားအား ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူ စေလျက်ရှိပြီး ဗုံးစထိမှန်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် သံဃာတော်အား ကောင်းမွန် စွာ မီးသင်္ဂြိုဟ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 


အထက်ပါ အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)