ပညာဘူမိတက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္ဒီပလိုမာ Level (1) စာမေးပွဲ ဧရာဝတီစာဖြေဌာန (၁)ကျောင်းကုန်းမြို့၌ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာဘူမိတက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္ဒီပလိုမာ Level (1) စာမေးပွဲ ဧရာဝတီစာဖြေဌာန (၁)ကျောင်းကုန်းမြို့၌ ဖြေဆို






MNP - ဒီဇင်ဘာ ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက် ဒက္ခိဏာရာမ(ရွှေကျင်) ပရိယတ္တိစာသင်တိုက် မျက်ရှင်တော်ပြည်လုံးချမ်းသာဘု ရားကြီးဝန်းအတွင်းရှိ ဓမ္မသဟာယမဉ္ဇရီဗိမာန်တွင် ပညာဘူမိတက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္မဒီပလိုမာ Level(1) စာမေးပွဲ ဧရာဝတီစာဖြေဌာန(၁)ဖြေဆိုမှုကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် စတင်ဖြေဆိုခဲ့ကြသည်။


အဆိုပါ သုတဓမ္မဒီပလိုမာ Level(1) စာမေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဟန်း(၇)ပါး၊ အမျိုးသား(၁၄)ဦး နှင့် အမျိုးသမီး(၅၅)ဦး၊ စုစုပေါင်း(၇၆)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ဒက္ခိဏာရာမ (ရွှေကျင်)ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ နန္ဒာစရိယ ဦးဆောင်သော သံဃာတော်များ ကြီးကြပ်လျက် မေးခွန်း(၁)ပုဒ်လျှင်(၁၀)မှတ်စီဖြင့် မေးခွန်း(၁၀)ပုဒ်အား ဖြေဆိုချိန် (၃)နာရီပေးထားရာ ညနေ ၄ နာရီအချိန်ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)