မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပပြုလုပ်



MNP -  ဒီဇင်ဘာ ၂၂

အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာသတင်းအချက်နည်းပညာတက္ကသိုလ် (MIIT)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက မန္တလေး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ ငုရွှေဝါလမ်းရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် Auditorium Hall တွင် ကျင်းပခဲ့ သည်။


အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာ၀င်းအေးက အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး ဦးဆောင်၍ မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့် နိုင်ငံတကာဆက်ဆံရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် စာရိတ္တနှင့် ပြည်သူ့နီတိ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း စသည့် ခေါင်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်။


အဆိုပါ လူငယ်စကားဝိုင်းသို့ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းအေးနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ ကြသည်။


ခင်စိမ်း၀င်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)