အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ


MNP -  ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က အလုံမြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းကို ကျောင်းသား၊ လူငယ်များ၊ ပြည်သူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်နှင့် လူအများနှင့်ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်အတွက်ရည်ရွယ်ကာ လစဉ်ဆောင်ရွက်ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီးနောက် စာဖတ်ဝိုင်းကိုဆောင်ရွက်ရာ Book Club အဖွဲ့ဝင် အလုံမြို့နယ်စာရေးဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ စာရေးဆရာမအေး (ရန်ကုန်တက္ကသိုလ်) က စာရေးဆရာတက္ကသိုလ်နေဝင်း ရေးသားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းစာအုပ်ပါအကြောင်းအရာများကို အသိပညာဗဟုသုတရဖွယ် ဦးဆောင်ဆွေးနွေးသည်။


ဆက်လက်၍ Book Club အဖွဲ့ဝင် စာရေးဆရာ မောင်မောင်(လျှပ်စစ်)မှ ဖြည့်စွက်ဆွေးနွေးခြင်းနှင့် တက်ရောက်သူများမှ ပြန်လည်မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ကြောင်းသိရပြီး အဆိုပါစာဖတ်ဝိုင်းသို့ အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်းသိရသည်။


တင်တင်ချို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)