MNP - ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို နံရံကပ်စာဆောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Conmunity Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြသပေးခြင်းဖြင့် ယနေ့ခေတ်လူငယ်လူရွယ်များနှင့် ကျောင်းသား၊ကျောင်းသူများအား လွတ် လပ်ရေးကြိုးပန်းမှုသမိုင်းနှင့် လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှုအကြောင်းအရာများ၊ လွတ်လပ်ရေးကြိုးပန်းမှုသမိုင်းဝင်မှတ်တမ်းဓာတ်ပုံ များကို ပြသပေးခြင်းဖြင့် လွတ်လပ်ရေး၏ တန်ဖိုးကို သိရှိစေရန်နှင့် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ပြီးပြသပေးခဲ့တာဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူဟန်က ပြောသည်။
အဆိုပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲသို့ ပြည်သူ့စာကြည့်တိုက်သို့ စာငှါး၊ စာဖတ်လာရောက်ကြသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ရ ပြသပေးခဲ့ကြောင်း သိရသည်။
မေသူ
https://t.me/MyanmarNationalPost
No comments:
Post a Comment