- MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image
123

124

125


MNP  -  ဒီဇင်ဘာ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းမင်းဦးနှင့် အဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင်အတွင်း ဥပဒေနှင့်အညီ နေထိုင်သူများအနက် မှတ်ပုံတင်ပြည့်စုံသူများ (Cross Check) ပြုလုပ်ခြင်းမှာ ရရှိသည့် လူဦးရေစာရင်းတွင် မှတ်ပုံတင်ထပ်နေသူ၊ အမည်အကြိမ် ထပ်နေသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းမင်းဦးက ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သူများအနက် မှတ်ပုံတင်ပြည့်စုံသူများ (Cross-Check)ပြုလုပ်ခြင်းမှ ရရှိသည့် လူဦးရေစာရင်းတွင် မှတ်ပုံတင်ထပ်နေသူ၊ အမည်အကြိမ် ထပ်နေသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြကာ တက်ရောက်လာသည့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ရုံးမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက မိမိတို့ ခရိုင်/ မြို့နယ်အလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းမင်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages