ရသေ့တောင်မြို့၌ ၁၉၆၅-၇၈ တပည့်များက မြတ်ဆရာပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ၁၉၆၅-၇၈ တပည့်များက မြတ်ဆရာပူဇော်ပွဲကျင်းပ

 





  

MNP ၊ ဒီဇင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နတ်‌တော်လပြည့်ကျော်(၁၁)ရက်နေ့၌ ရသေ့တောင်မြို့နယ်ရှိ ၁၉၆၅-၇၈ တပည့်များမှ စုပေါင်း၍  မြတ်ဆရာပူဇော်ပွဲကို ယနေ့နေ့လည် (၁)နာရီအချိန်က အထကကျောင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ မြတ်ဆရာပူဇော်ပွဲအခမ်းအနားသို့ အပူဇော်ခံ သက်ကြီး ဆရာ၊ဆရာမများနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ စေတနာရှင် အလှူရှင်များတက်ရောက်ခဲ့ကြသည်။ 

ရှေးဦးစွာမြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ အထက ဆရာမကြီး(ငြိမ်း)ဆရာမဒေါ်အေးညို က ကျေးဇူးတင်စကားပြောကြားပြီးနောက် သက်ကြီး ဆရာ၊ဆရာမတို့အား စေတနာရှင်များမှလှူဒါန်းသည့် လှူဒါန်းငွေများနှင့် ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပါသည်။သက်ကြီးဆရာ၊ဆရာမတို့အား တစ်ဦးလျှင်ကန်တော့ငွေ(၃၀၀၀၀၀)ကျပ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး၊ တက်ရောက်လာကြသူများမှ သက်ကြီးဆရာ၊ဆရာမများအား ကန်တော့ချိုးရွတ်ဆို၍ ကန်တော့ခဲ့ကြရာ သက်ကြီးဆရာ၊ဆရာမများကိုယ်စား တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး အထက(၁)ကျောင်သူများမှရခိုင်ယိမ်းအကဖြင့်ကပြ‌ ဖျော်ခဲ့ကြောင်းသိရသည်။

   

ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)