- MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image
56

57


58

MNP  -   ဒီဇင်ဘာ   ၂၃

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ (၄)ရက်နေတွင် ကျ ရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင် ဆောင် ရွက် ရမည့် ကိစ္စရပ်များ ၊ စာစီစာကုံး ၊ ပန်းချီ  ၊ ဆောင်းပါး ၊ အားကစားပြိုင်ပွဲများ ကျင်းပမည့် အခြေအနေများ နှင့် အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ စတုဒီသာကျွေးမွေးနိုင်ရေးအတွက် လိုအပ် သည်များကို ဆွေးနွေး တင်ပြကြရန်  ပြောကြားခဲ့ပြီး ဌာန ဆိုင်ရာ ရုံးများ တွင် လည်း ရုံးဉပဓိရုပ် ကောင်းမွန်စေရေး အ တွက် ဆေးသုတ်ကြရန် လိုအပ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့ နောက် တက်ရောက်လာကြသော ဌာန ဆိုင် ရာများ တာ ဝန်ရှိသူများက  လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီး သီး ဆွေးနွေး တင်ပြကြရာ  တင်ပြချက် များ အပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages