ခေါဇာတွင် Mobile Phone ဖြင့် ဗွီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေါဇာတွင် Mobile Phone ဖြင့် ဗွီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်း ဖွင့်လှစ်



MNP  -  ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် Mobile Phone ဖြင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ဓာတ်ပုံကျွမ်းကျင်-၂ ဦးမြင့်ညီညီထွန်းက ဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Mobile Phone ဖြင့် ဓါတ်ပုံ/ဗွီဒီယို ရိုက်ကူးရခြင်း၏ အကြောင်းရင်း၊ ဓာတ်ပုံ/ဗွီဒီယို ရိုက်ကူးရာတွင် သိထားသင့်သည့် အခြေခံသဘော တရားများ၊ Kine Master Software ဖြင့် ဗွီဒီယိုပေါ်တွင် ဓါတ်ပုံတည်းဖြတ်ခြင်း၊ နောက်ခံစကားပြောထည့်ခြင်း၊ စာတန်းထိုးခြင်း၊ တေးသီချင်း အသံဖိုင်နှင့် ရုပ်ပုံများကို ဗွီဒီယိုပြုလုပ်ခြင်း နည်းပညာများကို စာတွေ့/လက်တွေ့ဖြင့် ခေါဇာမြို့ရုံးရှိ ဝန်ထမ်းအပါအဝင် သင်တန်းသား/သူ(၈)ဦးအား ယနေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ (၁)ရက်တာသင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)