ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ



MNP -  ဒီဇင်ဘာ ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchan-dra Ghimire နှင့် အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံအနေဖြင့် ယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာဆက်ဆံ၍ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဖြင့် နှစ်နိုင်ငံဝင်ထွက်သွားလာမှု၊ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် နီပေါနိုင်ငံသားများနှင့်ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)