MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအကျိုးပြု သုတေသနလုပ်ငန်းများနှင့် အသုံးချဘာသာရပ် ဆိုင်ရာသင်တန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအကျိုးပြု သုတေသနလုပ်ငန်းများနှင့် အသုံးချဘာသာရပ် ဆိုင်ရာသင်တန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ



MNP  -  ဒီဇင်ဘာ       ၂၉

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအကျိုးပြုသုတေသနလုပ်ငန်းများနှင့် အသုံးချဘာသာရပ်ဆိုင်ရာ သင်တန်းများဆောင်ရွက်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ဗန်းမော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က နိုင်ငံနဲ့အဝန်း MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗန်းမော်ဒေသတွင်လည်း MSME လုပ်ငန်း များလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကိုယ့်ရဲ့လုပ်ငန်းတွင်လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသအကျိုးပြုသင်တန်းများကို ဗန်းမော်တက္ကသိုလ်မှ ဘာသာရပ်(၁၁)ခု ပို့ချဆောင်ရွက်ပေး၍ရပါကြောင်း၊ ယခုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက MSME လုပ်ငန်းရှင်များ အနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်မှုအတွက်  ဗန်းမော်တက္ကသိုလ်မှ ဖွင့်လှစ်ပို့ချပေးရမည့်သင်တန်း အမျိုးအစားများကို ဆွေးနွေးပေးရန် လိုအပ်ပါကြောင်းနှင့် ဖွင့်လှစ်ပို့ချပေးနိုင်သည့်ဘာသာရပ် (၁၁) ခု ကိုရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အဆိုပါဆွေးနွေးပွဲသို့တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအသီးသီးအလိုက်ဆွေးနွေးကြရာ ဗန်းမော်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ၊ ဌာနမှူးများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက  သင်တန်းဖွင့်လှစ်မည်ဆိုပါက တက်ရောက်မည့်သင်တန်းသားများ လိုအပ်သည့်အတွက် တက်ရောက်မည့်သင်တန်းသားများ စုစည်းထားရန် လိုအပ်ပါကြောင်းနှင့် ဗန်းမော်ဒေသရှိ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာလျှင် ဗန်းမော်ဒေသကြီးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ ကြောင်း၊  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးချဲ့လာနိုင်အောင် ဆောင်ရွက်ပေးစေလိုပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)