အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအေဂျင်စီMSMEs ထုတ်ကုန် ပြပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအေဂျင်စီMSMEs ထုတ်ကုန် ပြပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ




MNP -  ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်( ၁)ရပ်ကွက်၊ ၆၈လမ်း၊ ၁၀၃x၁၀၇ လမ်းကြား၊ မန္တလာသီရိအားကစားကွင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဥ်ဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီ MSMEs ထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါပြပွဲကို  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ အ သေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဦးသိန်းဌေး၊  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းဌေး၊ မန္တလေးတိုင်းဒေသကြီး စက်မှုဇုံစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင် လှတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ပြပွဲဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် သီရိပျံချီဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဦးသိန်းဌေးမှ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသူများက အမှတ်တရ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသော ပြခန်း ၁၄၄ ခန်းအား လှည့်လည့်ကြည့်ရှုခဲ့သည်။


အဆိုပါ ပြပွဲဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ တိုင်းဒေသကြီး တရား သူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဦးသိန်းဌေးနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေး၊ မန္တလေးတိုင်းဒေသကြီး စက်မှုဇုံစီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လှနှင့်စက်မှုကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မန္တလေးစက်မှုဇုံများမှ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ၊ တက်ရောက်ခဲ့ကြပြီး အဆိုပါပြပွဲကို  ၂၆-၁၂-၂၀၂၂မှ ၂၈-၁၂-၂၀၂၂  နေ့အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


ခင်စိမ်း၀င်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)