(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဒေသတွင်း MSMEs ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဒေသတွင်း MSMEs ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော် ကျင်းပ





MNP -  ဒီဇင်ဘာ   ၂၉

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ဒေသအတွင်း MSMEs ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပခဲ့သည်။


ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း အလားအလာရှိသောMSME စီးပွားရေးကဏ္ဍများအနေဖြင့် သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန်လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာစားသောက်ကုန်လုပ်ငန်းများ၊ များစွာရှိပြီး ဒေသထွက်ကုန်များဖြစ်သည့် လက်ဖက်စို၊ လက်ဖက်ခြောက်၊ ပြောင်း၊ ဂျင်း၊ နနွင်း၊ အာလူး၊ ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဥ်သီး၊ ကော်ဖီ၊ ထောပတ်၊ နာနတ်၊လိမ္မော်၊ သရက်၊ နေကြာနှင့်ရိုးရာအထည်ရက်လုပ်ခြင်းလုပ်ငန်းများကိုလည်းဒေသတစ်ခုထုတ်ကုန်တစ်ခု(One Region One  Product)အစီအစဥ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်အသင်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများသည် အကြီးစားစက်မှုလုပ်ငန်းများအထိ ဒေသတွင်းမှာပင် တိုးတက်အကောင်အထည်ဖော်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွန်းစေရေးတို့အတွက်ရည် ရွယ်ပြီး တောင်ကြီး(အေးသာယာ) စက်မှုဇုန်၊ တာချီလိတ်စက်မှုရပ်ကွက်နှင့် မူဆယ်စက်မှုရပ်ကွက်တို့ကို တည်ထောင်ထားပြီး ထပ်မံ၍ အထူး စီးပွားရေးဇုန်နှင့် စက်မှုရပ်ကွက်များကိုလည်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော အတိုးနှုန်းသက်သာသော ချေးငွေများရရှိစေရေး၊ ထုတ်လုပ်မှုနည်းပညာနှင့်ခိုင်မာသော စျေးကွက်ဖော်ဆောင်ပေးရေး၊ ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲများသို့ MSMEsလုပ်ငန်းရှင်များ ဝင်ရောက်ပြသစေရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲတော်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ရှမ်းပြည်နယ်တရားလွှတ်တော် တရားကြီးချုပ်ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ မြို့မိမြို့ဖဦးသန်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်းတင်ဓါတ် ပုံရိုက်ကူးကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လုပ်ငန်းရှင်များမှ ပြသထားသည့် ဒေသထုတ်ကုန်များအား  လှည့်လည်ကြည့်ရှုကြသည်။


အဆိုပါ MSMEs ဒေသထုတ်ကုန်ကုန်စည်ပြပွဲနှင့် စျေးရောင်းပြပွဲတွင် ရှမ်းပြည်နယ်မှ ဒေသထွက်ကုန်များဖြစ်သော လူသုံးကုန်၊စားသောက် ကုန်၊အိမ်သုံးကုန်ပစ္စည်းများ လာရောက်ပြသရောင်းချလျက်ရှိပြီး ဆိုင်ခန်းပေါင်း (၇၅)ခန်းရှိ၍ ဒီဇင်ဘာ(၂၈)ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီ(၃)ရက်နေ့အထိ ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)