ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေရုံးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အမေရိကန်က အတည်ပြုခဲ့သည့် NDAA ဥပဒေအပေါ် ဆန့်ကျင်ရှုတ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေရုံးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အမေရိကန်က အတည်ပြုခဲ့သည့် NDAA ဥပဒေအပေါ် ဆန့်ကျင်ရှုတ်ချ







MNP ၊ ဒီဇင်ဘာ ၂၈

ယနေ့နံနက်ပိုင်း က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေရုံးတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် ဗြိတိန်က တင်သွင်းခဲ့သော အဆိုနှင့် အမေရိကန် နိုင်ငံ၏ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လှုပ်ရှားနေသော အဖွဲ့များအား ကူညီထောက်ပံ့မည့်အပေါ် ဆန့်ကျင်ရှုတ်ချကြောင်း ဆောင်ရွက်ခဲ့ကြသည်။


ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်နိုင်ငံက တင်သွင်းခဲ့သည့် အဆိုမှာ အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများကို ပြန်လွှတ်ပေးရန်တောင်းဆိုထားပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေရသည့်အစိုးရအပေါ် အကြမ်းဖက်မှုများ လျှော့ချရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် ဟူသော မဟုတ်မမှန် ဖိအားပေး ပြောဆိုမှုများကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကန့်ကွက်ထားသည်။


အမေရိကန် နိုင်ငံ၏ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) တွင် အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် NLD ပါတီက ဖွဲ့စည်းထားသော CRPH, NUG, PDF နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့များကို ကူညီထောက်ပံ့ပေးမည်ဟူသော ပြဋ္ဌာန်းချက် ပါရှိလာပြီး အကြမ်းဖက်လှုပ်ရှားသူများက တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ရန် လှုံ့ဆော်မှုများ လုပ်ဆောင်နေကြသည့်အချိန်တွင် USDP ပါတီက NDAA ကို ဆန့်ကျင်ရှုတ်ချကြောင်း ပြသခဲ့သည်။ NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG အဖွဲ့ဝင်များ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကြောင့် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၄၀၀၀ ကျော်အထိ သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်။ အမေရိကန် အပါအဝင် အနောက်အုပ်စုအနေဖြင့် အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၏ နောက်ကွယ်မှ ရပ်တည်နေခြင်းကြောင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ က ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်လာကြသည်။


USDP အပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီကလည်း ၂၁-၁၂-၂၀၂၂ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်က တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုနှင့် ပတ်သက်၍ ဆန့်ကျင်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)