တည်ငြိမ်ဖွံဖြိုးရေးသို့ရောက်ရှိစေရန် နိုင်ငံ၏ လက်ငင်းနိုင်ငံရေးထွက်ပေါက်မှာ (၂၀၂၃) ရွေးကောက်ပွဲကြီးပင် ဖြစ်ကြေင်း NDF ပါတီထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တည်ငြိမ်ဖွံဖြိုးရေးသို့ရောက်ရှိစေရန် နိုင်ငံ၏ လက်ငင်းနိုင်ငံရေးထွက်ပေါက်မှာ (၂၀၂၃) ရွေးကောက်ပွဲကြီးပင် ဖြစ်ကြေင်း NDF ပါတီထုတ်ပြန်




MNP ၊ ဒီဇင်ဘာ ၁၉

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ၁၆-၁၂-၂၀၂၂ ရက်နေ့က ၎င်းတို့ပါတီ၏ နိုင်ငံရေးမူဝါဒနှင့် သဘောထားများကို ထုတ်ပြန်ထားရာ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးသည် နိုင်ငံ၏ အဓိကလိုအပ်ချက်ကြီးများဖြစ်ကြောင်း၊ တည်ငြိမ်ဖွံ့ဖြိုးရေးသို့ ရောက်ရှိစေရန် နိုင်ငံ၏ လက်ငင်းနိုင်ငံရေးထွက်ပေါက်မှာ ၂၀၂၃ ရွေးကောက်ပွဲကြီးပင် ဖြစ်သည်ဟု ခံယူကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

NDF ပါတီ၏ ထုတ်ပြန်ချက်တွင် နိုင်ငံသားပြည်သူအားလုံးတို့သည် ဒီမိုကရေစီလွတ်လပ်ခွင့်များကို ဥပဒေနှင့်အညီ ရရှိခံစားစေရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူညီမျှ ပြည်ထောင်စုသားတို့၏ ဘဝများအဖြစ် ရောက်ရှိခံစားစေရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းတို့တွင် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့ကို အခြေခံဥပဒေပါအတိုင်း ခွဲဝေကျင့်သုံးခွင့် ရှိစေရန် အကောင်အထည်ဖော်နိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)