နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show) များကို MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show) များကို MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်


MNP  -  ဒီဇင်ဘာ ၃၀

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိစေရန်အတွက် နိုင်ငံတကာ နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)များကို ဒီဇင်ဘာ ၃၁ ရက်နေ့ညတွင် နေပြည်တော် ရေပန်းဥယျာဉ်၌လည်းကောင်း၊ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌လည်းကောင်း ကျင်းပကြမည်ဖြစ်သည်။


အဆိုပါ ဖျော်ဖြေပွဲတွင် နိုင်ငံကျော်အဆိုတော်များ ပါဝင်တင်ဆက်ခြင်း၊ နှစ်သစ်ကူးချိန်ဖြစ်သည့် ည ၁၂ နာရီတွင် နှစ်သစ်ကူးပြောင်းရန်အချိန် ရေတွက်ကြေညာ၍ Countdown ပြုလုပ်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်သည့်ပုံရိပ်များအား LED ဖြင့် အစားထိုး ဖွင့်လှစ်ပြသခြင်းတို့အပြင် Night Market ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်သည်။


ထိုကဲ့သို့ နေပြည်တော် ရေပန်းဥယျာဉ်၌ ကျင်းပမည့် နှစ်သစ်ကိုကြိုဆိုသည့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွင် Unplugged တီးဝိုင်းများဖြင့် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် မြန်မာပြည်သိန်းတန်၊ D ဖြိုး၊ ဂျေမိုင်းမိုင်တို့၏ ဖျော်ဖြေမှုများကို MRTV ၏ Farmer’s Channel တွင်လည်းကောင်း၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် ပျော်ပွဲရွှင်ပွဲအစီအစဉ် တွင် GREAT NINE MUSIC BAND ၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်အဆိုတော်များဖြစ်သည့် အကယ်ဒမီ များရှင် ရန်အောင်၊ အကယ်ဒမီများရှင် ရဲအောင်၊ အကယ်ဒမီများရှင် မေသန်းနု၊ စတီရီယိုတေးသံရှင် ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊ စိုးသီဟ၊ ရုပ်ရှင်သရုပ်ဆောင်/တေးသံရှင် ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ တူယှဉ်နွှဲပျော်ဂီတပွဲတော်မှ စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်၊ မျိုးဆက်သစ်တေးသံရှင်များစွာ ပါဝင်တင်ဆက်သွားမည့် ဖျော်ဖြေမှုများကို MRTV ၏ Sports Channel တွင်လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ နိုင်ငံကျော်အဆိုတော်များ ပါဝင်တင်ဆက်မည့် ဖျော်ဖြေတင်ဆက်မှုများကို MRTV ၏ Parliament Channel တွင်လည်းကောင်း ဖျော်ဖြေပွဲ စတင်ချိန် ညနေ ၆ နာရီမှ အစီအစဉ်ပြီးစီး သည်အထိ တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊ MRTV HD Channel တွင် ည ၈ နာရီ သတင်းများအပြီးမှစတင်၍ အစီအစဉ်ပြီးစီးချိန်အထိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင်ကျင်းပသည့် ဂီတဖျော်ဖြေပွဲ Live Show အစီအစဉ်များကို ပေါင်းစပ်၍ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)