- MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

 NUG/PDF အဖွဲ့တို့၏ ရက်စက်ယုတ်မာသော တမူးအကြမ်းဖက်မှုဖြစ်စဉ်


မင်းခန့်


ယခုလတ်တလော လူမှုကွန်ရက်မှာ လူအများစိတ်ဝင်စားနေတဲ့သတင်းကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ NUGနဲ့ သူတို့ဖွဲ့စည်းထားတဲ့ PDF ဆိုတဲ့ အဖွဲ့တွေရဲ့ လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုတစ်ခုက ဖုံးမရဖိမရ ပေါ်ပေါက်လာခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကုန်ဆုံးတော့မယ့် ဒီဇင်ဘာလအစမှာပဲ တမူးက PDF အကြမ်းဖက်အဖွဲ့တွေက မအေးမာထွန်းလို့ခေါ်တဲ့ အပြစ်မဲ့ အမျိုးသမီးငယ်တစ်ဦးကို အများပြည်သူ အသုံးပြုတဲ့ လမ်းမပေါ်မှာ လက်ထိပ်ခတ်ရိုက်နှက်ပြီး သေနတ်နဲ့ ဦးခေါင်းကို အထပ်ထပ်အခါခါ ပစ်သတ်လိုက်တဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ သာမက နိုင်ငံတကာသတင်းမီဒီယာများကိုပါ ပျံ့နှံ့ခဲ့ပါတယ်။

NUG ကဖွဲ့စည်းထားတဲ့ တမူး PDF တပ်ရင်း ၄ ကလည်း ဒီလုပ်ရပ်ကို သူတို့ လုပ်တာဖြစ်ပြီး NUG ရဲ့ စေခိုင်းချက်အတိုင်း ဆောင်ရွက်တာဖြစ်ကြောင်း အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်သမားများကိုယ်တိုင် အင်တာဗျူးထုတ်လွှင့်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် NUGအကြမ်းဖက်အဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ် လို့ပြောနေတာက သူ့လက်အောက်ခံ PDF အဖွဲ့တွေ လုပ်တာမှန်တယ်လို့ ဝန်ခံနေတာပဲဖြစ်ပါတယ်။ ဒီလိုရိုင်းစိုင်း ယုတ်မာပြီး လူမဆန်တဲ့သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း သူတို့ကိုယ်တိုင်ဝန်ခံပြီး လူမှုကွန်ရက်ပေါ်ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ရဲ့ တရားခံတွေဟာ NUG အဖွဲ့နဲ့ သူ့လက်ဝေခံ တမူး PDF အဖွဲ့ဖြစ်တယ်ဆိုတာ ခိုင်မာတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်။


ဒီအကြမ်းဖက်မှုမှာ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်လေးက အသက် ၂၂ နှစ် အရွယ်သာရှိသေးပြီး တမူးမြို့ မြို့မ(၁၂) ရပ်ကွက်မှာနေထိုင်ကာ ကျပန်းအလုပ် လုပ်ကိုင်သူတစ်ဦးသာဖြစ်ကြောင်း သိရှိ ရပါတယ်။ ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့ အလုပ်လုပ်ရာက ပြန်လာစဉ်မှာ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ပြီး အသတ်ခံရတဲ့နေ့ကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။ ဒီလိုဖြစ်စဉ်တွေက အခုမှ ထွက်ပေါ်ခဲ့တာမဟုတ်ဘဲ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း မှာလည်း မြိုင်မြို့နယ်က PDF တွေက မနန္ဒာဆိုတဲ့ အမျိုးသမီး တစ်ဦးကို လက်ပြန်ကြိုးတုပ်၊ ဒူးထောက်ခိုင်းပြီး ဇက်ပိုးကို ဓားနဲ့ခုတ်ပြီး သတ်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။ ဒီလိုထွက်ပေါ်ပြီး နှစ်လအကြာ စက်တင်ဘာလအတွင်းမှာလည်း PDF အဖွဲ့တွေက အမျိုးသမီးတစ်ဦးကို ဒလန်လို့စွပ်စွဲပြီး မျက်နှာကို အဝတ်စည်း၊ လက်ပြန်ကြိုးတုပ်ကာ လည်ပင်းလှီး သတ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်လာ ပါသေးတယ်။


ယခု သုံးခုမြောက်ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်မှာတော့ အမျိုးသမီးငယ်လေးဟာ နောက်ဆုံးထွက်သက်အထိ သူသည် ဒလန်မဟုတ်ကြောင်း ငြင်းဆိုသွားခဲ့တာကို တွေ့ရပါတယ်။ ဒါတွေကိုကြည့်ရင် NUG ရဲ့ စေခိုင်းချက်နဲ့ PDF အဖွဲ့တွေရဲ့ သတ်ဖြတ်မှုဖြစ်စဉ်တွေ ဘယ်လောက်များများ ရှိနေတယ်ဆိုတာ မှန်းဆလို့မရနိုင်အောင် ဖြစ်ရပါတယ်။ ဒီလိုလူမဆန်မှုတွေက ကမ္ဘာမှာအော့ကြောလန်နေတဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေထက်တောင် ဆိုးရွားလွန်းနေသေးတယ်လို့ မြန်မာပြည်သူလူထုအကြား မှတ်ချက်ပြုနေကြတာကို တွေ့ရှိရပါတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အခွင့်ကောင်းယူပြီး အစွန်းရောက် စိတ်ဓာတ်သွတ်သွင်းခြင်း ခံထားရတဲ့ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေရဲ့ ရက်စက်မှု၊ လူမဆန်မှုတွေက ပြည်သူလူထုအကြားမှာ မသတီစရာ ရွံရှာစက်ဆုပ်ဖွယ်ရာ ဖြစ်လာခဲ့တာ နှစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံရဲ့တည်ဆဲအစိုးရကို နိုင်ငံရေးအရ တစ်ဖက်သတ်ဖိအားပေး ချင်တာနဲ့ပဲ PDF အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေကို မြန်မာပြည်သူတွေနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းတွေအကြားကို ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိအောင် အမေရိကန် ဦးဆောင်တဲ့အနောက် အုပ်စုက လူအား၊ ငွေအား၊ မီဒီယာ အင်အားနဲ့ ဝိုင်းဝန်းဖုံးဖိထားခဲ့ကြပါ တယ်။


ဒီအချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံကို အနောက်အုပ်စုက ငွေအား၊ လူအား၊ နည်းပညာအားနဲ့ မီဒီယာ အင်အားသုံးပြီး မှိုင်းတိုက်နေတယ်၊ သတင်းတွေထိမ်ချန်ဖော်ပြနေတယ်ဆိုတဲ့အချက်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ သတိပြုမိစေချင်ပါတယ်။ ဒီလိုအကြမ်းဖက်မှု လမ်းစဉ်ကို တရားဝင်ကိုင်စွဲထားပြီး ရက်စက်မှုအပေါင်းသရဖူဆောင်းနေတဲ့ ပရမ်းပတာ NUG နဲ့ PDF လို အကြမ်းဖက် အဖွဲ့တွေကို ထိတွေ့ဆက်ဆံပြီး အသိအမှတ်ပြုဖို့ ထောက်ခံပံ့ပိုးပေးနေတဲ့လူပုဂ္ဂိုလ်တွေ၊ ကြားနေပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီလိုအကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိကြမလဲဆိုတာကို သိချင်မိပါတယ်။


ဒီလိုဆိုးရွားရက်စက်တဲ့ ဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့က ပြည်သူတွေကတော့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ “လူသတ်အကြမ်းဖက် PDF အလိုမရှိ၊ CRPH၊ NUG၊ PDF အကြမ်းဖက်အဖွဲ့များ ဆန့်ကျင်ကြ”ဆိုတဲ့ ဆိုင်းဘုတ် တွေကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အလားတူပဲ တမူးမြို့ စျေးတန်း (၄) ရပ်ကွက်မှာလည်း “အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသော မအေးမာထွန်း ကောင်းရာဘုံဘဝ ရောက်ပါစေ၊ PDF အကြမ်းဖက်သမားများ ကျဆုံးရေး-ဒို့အရေး၊ အကြမ်းဖက်လုပ်ရပ်မှန်သမျှ ဆန့်ကျင်ကြ” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်စွဲ ပြီး ပြည်သူတွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။


ဆိုရှယ်မီဒီယာတွေမှာလည်း နိုင်ငံရေး အရောင်အသွေး ဝါ၊ စိမ်း၊ နီ၊ ပြာ မရွေး အားလုံးတစ်သံတည်းထွက်ပြီး PDF တွေရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချ ခဲ့ကြတာကို တွေ့နေရပါတယ်။ သို့သော်လည်း ဒီလိုဖြစ်စဉ်တွေကို အနောက်အုပ်စုက ခေါင်းစဉ်မျိုးစုံနဲ့ထောက်ပံ့ထားတဲ့ ဝါဒဖြန့် ပြည်ဖျက်မီဒီယာတွေမှာ လုံးဝဖော်ပြတာ မတွေ့ရပါဘူး။ BBC ကတော့ အကြမ်းဖက် NUG အဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမယ်ဆိုတဲ့ သတင်းကို တာဝန်ကျေဝိနည်းလွတ်ရေးတင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ကြေညာချက်အမျိုးမျိုးထုတ်ပြန်နေတဲ့ အမေရိကန် သံရုံးက ဒီတစ်ခါလည်း မျက်စိကန်းပြီး နားပင်းနေတာကို တွေ့ရပါတယ်။


လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေကို ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်ရင် လူ့အခွင့် အရေးစံနှုန်းတွေနဲ့ယှဉ်ပြီး ထုတ်ပြန်ချက် အမျိုးမျိုးထုတ်နေတဲ့သံရုံးတွေက ဒီလို NUG/PDF တွေရဲ့ ငြင်းမရတဲ့အကြမ်းဖက်မှုတွေ ဘူးပေါ်သလိုပေါ်လာတော့ ဘာသံမှမထွက်နိုင်ဘဲ ရေငုံနှုတ်ပိတ်ပြီး နေကြတာကို အံ့သြဘနန်းဖြစ်ရပါတယ်။ မြန်မာနိုင်ငံအပေါ် သဘောထား မမှန်သူတွေရဲ့ ထုံးစံအတိုင်း ဘယ်လိုပဲမျက်စိ ပိတ်နားပိတ်ပြီး နေနိုင်ကြသည်ဖြစ်စေ ဒီလိုအကြမ်းဖက်မှုတွေကို မြင်တွေ့ နေရတဲ့မည်သူမဆို အကြောင်းမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရသူတွေအတွက် လွန်စွာစိတ်ထိခိုက် နေကြရပါတယ်။


ဒါ့ကြောင့်လည်း အကြမ်းဖက်မှုတွေကို မလိုလားဘဲ အမှန်တရားကိုမြတ်နိုးတဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို Facebook ၊Twitter၊ Telegram၊ VK စတဲ့ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတာကိုလည်း တွေ့ရှိ နေရပါတယ်။


အကြမ်းဖက်ဝါဒ သို့မဟုတ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံကြီးတွေရဲ့ ပြဋ္ဌာန်းချက်တွေ၊ သတ်မှတ်ချက်တချို့ကို ထုတ်နုတ်တင်ပြလိုပါတယ်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာ လ ၉ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက် (၄၉/၆၀)မှာ အကြမ်းဖက် ဝါဒ/လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာက “Criminal acts intended or calculated to provoke a state of terror in the general public, a group of persons or particular persons for political purposes are in any cir-cumstance unjustifiable, whatever the considerations of a political, philosophical, ideological, racial, ethnic, religious or any other nature that may be invoked to justify them” လို့ ဆိုပါတယ်။ ဒါကြောင့် အကြမ်းဖက် လုပ်ရပ်တွေဆိုတာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ဘယ်လိုအကြောင်းပြချက် မျိုးနဲ့မဆို နိုင်ငံရေးရည်မှန်းချက်အတွက် လူထုကြားမှာ အထိတ်တလန့်ဖြစ်စေဖို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။


နောက်ထပ်ထင်ရှားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကတော့ ကမ္ဘာပေါ်က အကြမ်းဖက်လုပ်ရပ်တွေကို မှတ်တမ်းတင်နေတဲ့ University of Maryland က Global Terrorism Database (GTD)ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပါတယ်။ GTD ကတော့ အကြမ်းဖက်ဝါဒဆိုတာ နိုင်ငံတော်မဟုတ်တဲ့ အဖွဲ့အစည်း တွေ၊ ပုဂ္ဂိုလ်တွေက နိုင်ငံရေးရည်မှန်းချက်အတွက် ပြည်သူလူထုကို သွေးထွက်သံယိုမှုဖြစ်စေခြင်း အကြောက်တရားသွင်းတဲ့ လုပ်ရပ်တွေဖြစ်တယ် (acts of violence by non-state actors, perpe-trated against civilian populations, intended to cause fear, in order to achieve a political objective) လို့ဆိုပါတယ်။


ဒါ့ကြောင့် ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ခြုံငုံလေ့လာကြည့်မယ်ဆိုရင် နိုင်ငံရေးရလိုမှုကို နိုင်ငံရေးအရ အဖြေမရှာဘဲ လက်နက်ကိုင်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားသွင်းဖို့ ခြိမ်းခြောက်တာတွေ၊ အကြမ်းဖက်သတ်ဖြတ်နေတာတွေက ကမ္ဘာ့လူ့အဖွဲ့အစည်းတွေ အားလုံး လက်ခံထားတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေပဲ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ယခုမြန်မာနိုင်ငံမှာ PDFအကြမ်းဖက်တွေ ဆောင်ရွက်နေကြတာက အပြစ်မဲ့အရပ်သား စစ်စစ်တွေကို လုပ်ကြံသတ်ဖြတ်ခြင်း (Targeted Assassinations of Civilians or Non-combatants)၊ ဥပဒေပြင်ပလူသတ် တရားစီရင်ခြင်း (Extrajudicial Killing) တွေသာဖြစ်တယ်ဆိုတာ သာမန်မျက်စိ နဲ့ကြည့်ရင်ကို မြင်နိုင်ပါတယ်။ လူ့အခွင့် အရေး ချိုးဖောက်မှုဆိုတာတွေထက် အဆပေါင်းများစွာ ဆိုးရွားတဲ့ အကြမ်းဖက်ဝါဒ (Terrorism) သာဖြစ်ပါတယ်။


နောက်ထပ် သတိပြုစရာတစ်ခုက ရန်၊ ငါ၊ စည်းပြတ်လာကြတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ အကျိုးစီးပွားအုပ်စု တချို့ဟာ အရှေ့တောင်အာရှနဲ့ အာရှပစိဖိတ်ဒေသဆီကို နိုင်ငံရေးကွာဟမှု၊ လူမျိုးရေးကွာဟမှု၊ ဘာသာတရား ကွာဟမှုတွေကို အခြေခံပြီး အစွန်းရောက်ဝါဒ (Extremism) သွတ်သွင်းနေကြတယ်ဆိုတာကို သတိပြုဆင်ခြင် စရာဖြစ်ပါတယ်။ ထိုအုပ်စုတွေအတွက် မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့နေရာ အပါအဝင် အရှေ့တောင်အာရှနဲ့ အာရှ - ပစိဖိတ် ဒေသမှာ မတည်မငြိမ်ဖြစ်နေစေဖို့၊ ၎င်းတို့ကြိုးဆွဲရာကို လိုက်ပါလာစေဖို့ ဆန္ဒရှိနေကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ သူတို့ကြိုးဆွဲရာကိုလိုက် ပါခြင်းမရှိဘဲ အခြေခံဥပဒေအရ ခေတ္တအာဏာထိန်းထားရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဘက်ပေါင်းစုံက ဖိအားပေးနေကြတာဖြစ်ပါတယ်။ ဒီလို ဖိအားပေး လိုတာနဲ့ပဲ NUG/PDF တွေရဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်ဆောင်ပြီး ဖုံးဖိ နေကြတာကတော့ အင်မတန်မှရုပ်ဆိုးအကျည်းတန်လှပါတယ်။


မည်သို့ပင်ဆိုစေကာမူ တမူးက အသက် ၂၂ နှစ်အရွယ် သာရှိသေးတဲ့ အမျိုးသမီးငယ်လေး အကြမ်းဖက်ခံရ တဲ့ဖြစ်စဉ်ဟာ မြန်မာလူ့အဖွဲ့အစည်းအတွင်းမှာသာမကဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် တပ်လှန့် သံဖြစ်ပါတယ်။ နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ ဆောင်ရွက်နေတဲ့ အမှားသရုပ်ပြကို ဝိုင်းဝန်းတားဆီးကြဖို့ ပျက်ကွက်ကြရင် ဒေသတွင်းမှာ အလားတူပြဿနာတွေ ရင်ဆိုင်လာရနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ဒါ့ကြောင့် တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူလူထုအနေနဲ့ အနောက်အုပ်စု လွှမ်းမိုးထားတဲ့ နိုင်ငံတကာ မီဒီယာအမည်ခံတွေမှာ မဖော်ပြတဲ့ NUG/PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မူဝါဒ၊ လူမဆန်မှု ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်သုံးသပ်ပြီး NUG အဖွဲ့ ရဲ့ အကြမ်းဖက်လမ်းစဉ်ကို ဝိုင်းဝန်းကာကွယ်တားဆီးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)