NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား ပစ်ခတ်တိုက်ခိုက်ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား ပစ်ခတ်တိုက်ခိုက်ဖျက်ဆီး





MNP ၊ ဒီဇင်ဘာ ၁၆ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် တိုးမြှင့် ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်လျက် ရှိသကဲ့သို့ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ဓာတ်အားသုံးစွဲသူ ပြည်သူများထံသို့ ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိသည့် ဓာတ်အားလိုင်း များနှင့် ဓာတ်အားခွဲရုံများကိုလည်း အကောင်အထည်ဖော် တည်ဆောက်ဆောင်ရွက် ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်နေသည့် ကာလတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား (၁၆-၁၂-၂၀၂၂) ရက်နေ့ နံနက် (၁:၃၀) နာရီတွင် NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ  ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အများပြည်သူသို့ ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိသည့် (၅၀) အမ်ဗွီအေ ထရန်စဖော်မာ(၂) လုံး၊ (၂၀) အမ်ဗွီအေ Shut Reactor (၁)လုံး၊ Gas Circuit Breaker (၂) လုံး၊ Lightning Arrester (၂) လုံး၊ Potential Transformer (၂)လုံး၊ ဓာတ်အားကြိုးများ၊ ဓာတ်အားထိန်းချုပ်အဆောက်အအုံနှင့် မီးစက် အဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။


ထိုသို့ဓာတ်အားပြတ်တောက်မှုကြောင့် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင် ဒေသများရှိ မီးသုံးစွဲသူ (၅၆,၃၆၃)ဦးတို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့ရပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ကုန်သွယ်ရေးဇုန်တို့တွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ရသည်။ သို့ပါ၍ အဆိုပါပျက်စီးခဲ့သော ဓာတ်အားခွဲရုံကို အမြန်ဆုံးပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူသို့ ဖြည့်ဆည်း ပေးလျက်ရှိသည့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများအပေါ် ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဓာတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများသို့ ဝင်ရောက်ဖောက်ခွဲ ပစ်ခတ်ဖျက်ဆီးမှု အကြိမ်ပေါင်း (၂၁၀)ကြိမ် ပစ်ခတ်ဖျက်ဆီး ဖောက်ခွဲခဲ့သော်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပြည်သူများလိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ပြန်လည် ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေများရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပြုပြင် ဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)