ကမ္ဘာ့ချီးထုပ် အမေရိကန် ဝင်မရှုပ်ဖို့နဲ့ NUG, PDF အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ရှုတ်ချကြောင်း အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ချီးထုပ် အမေရိကန် ဝင်မရှုပ်ဖို့နဲ့ NUG, PDF အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ရှုတ်ချကြောင်း အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ







MNP ၊  ဒီဇင်ဘာ ၂၈

ယနေ့ နံနက်ပိုင်းက အမေရိကန်သံရုံးရှေ့တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်က တင်သွင်းခဲ့သော အဆိုနှင့် ပတ်သက်၍လည်းကောင်း၊ အမေရိကန် သံရုံးက မြန်မာပြည်တွင်းရေးတွင် အကြမ်းဖက်အဖွဲ့အစည်းများဘက်မှ ရပ်တည်ဆောင်ရွက်နေမှုများအပေါ် ဆန့်ကျင်ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။


အမေရိကန်သံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့သူတွေဟာ အမေရိကန် ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် တစ်ဖတ်သက်ဆုံးချက်များအား ဆန့်ကျင်ရှုတ်ချပါသည်၊ အပြစ်မဲ့ ပြည်သူမျာအား သတ်ဖြတ်နေမှုများ ချက်ချင်းရပ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊ အကြမ်းဖက် NUG, PDF အလိုမရှိ၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများအား အလိုမရှိ အစရှိသော ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ အသံတိတ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။


CRPH, NUG အကြမ်းဖက်အဖွဲ့အစည်းများဘက်မှ အစဉ်သဖြင့် ရပ်တည်နေသော အမေရိကန် သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် လုပ်ကြံစွပ်စွဲ၍ အဆိုတင်သွင်းခဲ့သည့် ဗြိတိန်သံရုံးရှေ့တွင်လည်း ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)